_29_Till death do part us.(final part)

8.7K 243 29
                                    

ဖြစ်နိုင်ရင်တော့ ဒီချောင်ကလေးထဲမှာပဲ ထာဝရပုန်းနေချင်တော့သည်။ ဒီဓာတ်ပုံဆိုင်လေး..... ဒီစားပွဲခုံအောက်.... ငယ်ငယ်က သူမအခေါက်ခေါက် ရောက်ခဲ့ဖူးသည်။ မေမေက ဆူလိုက်တဲ့အခါ.... မိုမိုနဲ့ရန်ဖြစ်ပြီး ကိုကိုက မိုမို့ဘက်ကပါပြီး မေဖူးကို ဆူတဲ့အခါ.... ဘိုဘိုနဲ့အရုပ်တွေလုပြီး မနိုင်တော့တဲ့အခါ.... သူမက ဒီဆိုင်ကလေးက ချောင်လေးထဲ အမြဲဝင်ပုံံးကာ ငိုခဲ့ဖူးသည်။ ထိုအခါမျိုးဆို ဖေဖေက ရောက်လာတတ်ပြီး သူမကို ချော့မြူကာ မုန့်ဖို့တွေပေးတတ်သည်။

ဒါပေမယ့်...... ဒီတစ်ခေါက် သူမပုန်းတာ ဖေဖေ့ဆီကနေပါ ပုန်းနေခဲ့တာ ဖြစ်ပါသည်။ နောက်ပြီး အကုန်လုံးက အလုပ်ရှုပ်နေတာမို့ သူမကို ဘူ်သူကမှ အရေးတယူရှာဖွေမနေခဲ့ကြပဲ.... မတော်တဆတောင် သူမဆီကို ရောက်မလာခဲ့ကြပါ။ ရှာမတွေ့ခဲ့ကြပါ....

ခက်ပါလား.... အဖူးရေ.... နင်ကိုယ်တိုင် ပုန်နေခဲ့ပြီး တစ်စုံတစ်ယောက် ရှာတွေ့ဖို​ မျှော်လင့်နေတာ။ ရူးနှမ်းလိုက်လေခြင်းပေါ့....

" ချစ်တယ်..... ချစ်တယ်နဲ့ သူတို့ပဲ ပြောကြပြီး ဘယ်သူမှလည်း ငါ့ကို တကယ်မချစ်ဘူး "

စားပွဲခုံက ကွန်ပျူတာတင်ထားတဲ့စားပွဲခုံမို့ အောက်မှာ CPU တွေ.... ကြိုးတွေ နဲ့ရှုပ်ရှက်ခက်နေတာကို သူမက ကြောင်ပေါက်ကလေးလို အံဝင်ခွင်ကျ ဝင်ရောက် ပုန်းခိုနေနိုင်သေးသည်။

" ယောက်ျားမယူချင်သေးပါဘူးဆို..... "

ဒူးပေါ်မေးတင်လျက် လက်များက ထွေးပိုက်ထားပြီး မျက်လုံးကလေး မှိတ်ထားမိသည်။ စိတ်ထဲမှာတော့ ဘိုဘို့ကိုပဲ အခါခါ ကျိန်ဆဲနေမိတော့သည်။ သူ့ကြောင့်..... သူ့ကြောင့်..... ဒီမင်္ဂလာပွဲက ဖြစ်ရတာ။

" ဘိုဘို... ဟို Showcase ထဲမှာ.... Camera က.... "

" ဟုတ်ကဲ့..... "

ဆိုင်ထဲကို ထိန်လင်းအောင်နဲ့ ဘိုဘိုဝင်လာတာကို မေဖူးခေါင်းထောင်ကာ ကြည့်လိုက်ပြီး တတ်နိုင်သမျှ ကိုယ်ကို ကျုံ့လိုက်သည်။

တစ်စုံတစ်ယောက်က ရှာတွေ့ဖို့ မျှော်လင့်မိခဲ့ပေမယ့်.... အခုကျ သူမကို ဘယ်သူမှ မမြင်စေချင်ပြန်ပါ။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now