_19_Hidden things.

2.6K 128 4
                                    


တစ်နှစ်ဆိုတာကလည်း သေချာရေတွက်နေမယ်ဆို အကြာကြီးပါပဲ။

မေဖူးက..... သူ့ကို တကယ်ပဲထားခဲ့ပြီး ထွက်သွားခဲ့တာပေါ့။

စာမေးပွဲပြီး နောက်တစ်နေ့မှာ မေဖူးက ဆံပင်တိုတိုလေးဖြတ်ပြီး ထွက်သွားခဲ့တာ။ ခရီးထွက်သွားတယ်ပဲ ထင်ခဲ့တာပါ။ ခဏတဖြုတ်လို့ပဲ ထင်ခဲ့တာပါ။ ဒီလောက်အဝေးကြီးကို ဒီလိုအကြာကြီး ထွက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ။ ဖြတ်ချသွားတဲ့ ဆံပင်တွေထဲ သူ့အပေါ်ထားတဲ့ သံယောဇဥ်တွေရော ပါသွားခဲ့မယ်လို့ သူမထင်ခဲ့ဘူးလေ။ မေဖူးကလေ.... သူသိရသမျှ အဲ့လောက် သတ္တိရှိတဲ့လူမျိုးမှ မဟုတ်ခဲ့ဘူးမလား။

မန္တလေးဆိုတာကလည်း သူမနဲ့အတူရှိနေတာမို့ ပျော်စရာကောင်းခဲ့တာပဲဖြစ်သည်။ အိမ်ဆိုတာကလည်း ဘေးအိမ်မှာ မေဖူးရှိနေမှ အိမ်နဲ့တူတာလို့ ခံစားနေရသည်။ တစ်နှစ်ကျော်ဆိုတဲ့ ကာလမှ ဘိုဘိုက ဆိုးချင်တိုင်း ဆိုးပေကာ နေခဲ့တာပေါ့။ ကျုံးဘေးမှာ တစ်ယောက်ထဲလည်း သွားထိုင်ကာ သောက်ဖူးသည်။ မေဖူးကြိုက်တဲ့သီချင်းတွေကို နားထောင်မယ့်သူမရှိပဲ ဆိုပြနေခဲ့သေးသည်။ ပြန်လာမှာပါလို့ အားတင်းကာ စောင့်နေရင်းက ခြေကုန်လက်ပမ်းတကယ်ကျရပါသည်။ အဲ့ဒီနှစ်က သင်္ကြန်ကိုလည်း မေဖူးက ပြန်မလာဘူး။ ကိုမာန်လည်းမရှိဘူး။ စုစုလည်းမရှိဘူး။ သူတို့မြို့က လမ်းကလေးက ခြောက်ကပ်လို့နေခဲ့သည်။ မန္တလေးမှာလည်း သူတို့ခြေရာတွေပဲမို့.... ဇာတိမြို့လေးကလည်း အမှတ်တရတွေနဲ့ ခြောက်လှန့်လွန်းတာမို့ နေ့ရက်တိုင်းမှာ ဘိုဘိုက တတိတိခံစားနေခဲ့ရတာ။

မေဖူးက သူ့အတွက် ဘုရားသခင်က ကြိုတင်ဖန်တီးထားတဲ့ သီးသန့်လက်ဆောင်တစ်ခုဆိုတာ အလကားပြောခဲ့တာမဟုတ်ပါဘူး။ သူ့အတွက် တကယ်ပဲ ဆုလာဘ်တစ်ခုလိုမျိုး ဒီလောကကြီးထဲကနေ စောင့်ကြိုနေခဲ့တာပါ။

" ဝါဝါ.... မေဖူးကို ထိန်းပေးပါအုံး..... သား ဂိမ်းဆော့မလို့.... ဒီကောင်မလေးက ရှုပ်နေတာ"

အဲ့ဒီတုန်းက သက်ဝါနွယ်က ဘိုဘို့ကိုကိုယ်ဝန်လွယ်ထားရတာတဲ့။ မေဖူးက ၁နှစ်ကျော်လေး ရှိအုံးမှာ။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now