" ဘိုဘို.... အဆင်ပြေရဲ့လား.... "" ပြေပါတယ်.... "
ဂိမ်းကိုပဲ အာရုံစိုက်ဆော့နေရင်းက ဘိုဘိုက မေးတဲ့ကောင်လေးကို မော့မကြည့်ဖြစ်ပါ။
" ကိုယ်တို့ ဘိုဘိုက အသည်းကွဲလေ.... in game မှာ ရှယ်ကြမ်းလေကွ.... "
စွမ်းရည်ဘိုပြောတော့ ဘေးမှ Jacob နဲ့ Berry က ရယ်ကြသည်။
" အာကီပြီးရင် ဘိုဘိုက ဂိမ်းဆော့ရင် အလောင်ဆုံးပဲ.... ကိုတယ်မလား ကိုစွမ် "
" ဝိုး... မိုက်လှချည်လား။ မင်းက အရမ်းစွတ်တိုးနေလို့ မင်းသေမယ် မှတ်နေတာ "
" ဘိုဘိုကွ.... လွယ်လွယ်မသေဘူး.... "
" even die i'm the hero ပါဆိုကွာ.... "
" အာကီ ဒီ Buff ကို စားပြီးရင် ရှယ်ကြမ်းပြီ.... သွားမယ် ဟိုဘက်အသင်းကို ရိုက်ကြမယ် "
" ရိုက်မယ်ကွာ..... ကြာတယ် "
Jacob က ကုန်းအော်လိုက်သည်။
သူတို့အသံကုန်အော်ဟစ်ရင်း ဂိမ်းဆော့နေကြသည်။ သူတို့အသံများက တစ်ခုခုကိုနာကျင်နေရတာပဲဖြစ်ဖြစ် ဝမ်းနည်းနေတဲ့ စိတ်ဝိဉာဥ်ပဲဖြစ်ဖြစ် လွင့်ပျောက်သွားအောင် အားမာန်တို့ ပြည့်နေကြသည်။
အိပ်မက်တွေ ထမ်းပိုးသယ်ဆောင်ထားတဲ့ ဒီလူငယ်လေးတွေမှာ ကိုယ်စီဒဏ်ရာတွေနဲ့မို့....
############
" Good morning.... "
" Morning.... မေဖူးလေး "
ရုံးက အမနှစ်ယောက်က ရေသန့်ဘူးကြီးကို နှစ်ယောက်မနိုင်မနင်းမကာ သယ်လာရင်း နှုတ်ဆက်တော့ မေဖူးက ဘေးပတ်ဝန်းကျင်မှာ ယောက်ျားလေး တစ်ယောက်တလေများ တွေ့မလားလို့ ရှာမိသည်။ မတွေ့တော့ မေဖူးကပဲ ရေသန့်ဘူးကို အပြေးအလွှား ပြေးကာမလိုက်ရပြီး......
" ပေးပေး.... အဖူးသယ်ခဲ့မယ်။ Finance အခန်းက water cooler ဖို့သယ်နေတာမလား "
မေဖူးက ရေဘူးကို မနိုင့်တစ်နိုင်နဲ့ တစ်ယောက်ထဲသယ်နေတာကို အမနှစ်ယောက်က ကြည့်ကာ....
" အမတို့ ကူသယ်ပေးမယ်လေ မေဖူးရ..... မတော်လို့ မေဖူးထိခိုက်သွားမှ.... "
YOU ARE READING
ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့
Teen FictionZawGyi code below. Neighbours became lovers. မိသားစုနှစ်ခု။ ကလေး ၅ယောက်။ အတူတူ ကစားကြဖူးတယ်။ အတူတူစားဖူးကြတယ်။ အတူတူအိပ်ဖူးကြတယ်။ အရာအားလုံးကို အတူတူမျှဝေသုံးစွဲခဲ့ဖူးတယ်။ ဒီကလေးငါးယောက်ကို ဘယ်သူမှ မခွဲနိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် အချိန်ကတော့ တတ်နို...