_24_Love.

3.7K 158 9
                                    


" စု.... ပြန်ရောက်ရင် ဘယ်သူ့စကားမှ နားမထောင်နဲ့..... ကျနော်ပြောတာပဲ နားထောင် " တဲ့။

တစ်ဘဝလုံး မိဘစကား လူကြီးတွေစကား နားထောင်လာခဲ့တဲ့ သူမို့.... ဒါက လွယ်ကူမှာ မဟုတ်တာကို သူလည်း သိမှာပါ။

" ကျနော့်ကို ယုံတယ်မလား..... ကျနော့်ကို အဆုံးထိ ယုံလိုက်.... "

မျက်လုံးစုံမှိတ်ပြီး သူမကိုယ်တိုင် လိုက်ခဲ့တာပါ။ ယုံကြည်တယ်ဆိုတာထက်.... သူ့ကိုပဲ ပုံအပ်လိုက်တာပါ။ ဒီဘဝကြီးထဲ တစ်ယာက်ထဲ လိမ်လိမ်မာမာ ရှင်သန်ကြည့်မလို့ပေမယ့် ဘဝက လိုချင်ခဲ့သလို ဖြစ်မလာခဲ့ဘူးလေ။ လိမ္မာပြတော့လည်း ကုပ်ကမျင်းလို့ ပြောခံခဲ့ရတာပဲ နောက်ဆုံးမှာ အဖတ်တင်ခဲ့တာလေ။ မာန်က..... သူမကို လွတ်လွတ်လပ်လပ် ရူးမိုက်စွာ ရှင်သန်တတ်ဖို့ ဆွဲခေါ်လာပေးခဲ့တာပါ။

############

မင်္ဂလာဆောင်ကိုလည်း နှစ်ယောက်လုံးက အချိန်မရတာမို့ အချိန်မဆွဲပဲ အမြန်လုပ်ခဲ့ရသည်။ သဘောတူတယ် မတူဘူးထက် မေမေစိန်ကတော့ သူတို့အသိုင်းဝိုင်းနဲ့ယှဥ်ပြီး ​ကြီးကြီးကျယ်ကျယ်လုပ်ချင်ပေမယ့် စုစုသဘောဆိုပြီး ဇွဲမာန်ကပဲ ကျဥ်းကျဥ်းလေး လုပ်ခိုင်းခဲ့တာဖြစ်သည်။ မေဖူးက မင်္ဂလာဆောင်အတွက် ခွင့်တစ်ပတ်ထပ်ယူလိုက်ရသည်။

" ငါ့စကားလည်း တစ်ယာက်မှ နားမထောင်ကြတော့ဘူး.... မစု ညည်းတူတွေတူမတွေရော... ညည်းယောက်ျားကိုရော တစ်ခွန်းမှ ဝင်မပြောတော့ဘူးလား.... "

မေမေစိန်က အသက်ရလာလို့လားမသိပါ။ အရင်ကလောက် မောက်မောက်မာမာသိပ်မရှိနိုင်တော့ပဲ စုစုကို များများစာစား မပြောပဲ လက်ခံပေးခဲ့သည်။ ဒါမှ မဟုတ် လက်ခံလိုက်ရတော့တာလို့ပဲ ပြောရမလား။ အသက်ကြီးလာပြီး နီးနီးနားနားမှာ မြေးတွေက တစ်ယောက်ပြီးတစ်ယာက် အဝေးကို ထွင်သွားကြတဲ့အခါကျ မာန်တွေချလိုက်ပြီထင်ပါသည်။ အခုတော့ ရစရာမရှိအောင် ပြောဆိုခဲ့တဲ့ စုစုကိုပဲ အကူညီပြန်တောင်းနေရတော့သည်။

" သားဘိုကလည်း မေဖူးမှ ပြန်မှာဆိုရင် သူလည်း တားလို့ရမှာမဟုတ်ဘူး.... ရန်ကုန်ပြန်မှာပဲ.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now