Unicode
" ရဲအုပ် "
" Zhe Han လာထိုင် "
" ဟုတ်ကဲ့ "
" ဒီမှာ Devil group ရဲ့အချက်အလက်နဲ့ Savage group ရဲ့အချက်အလက်တွေ Savage group ကလွန်ခဲ့တဲ့ ၅ နှစ်ကမှဖွဲ့စည်းထားတဲ့ဂိုဏ်းလို့သိရတယ် မှောင်ခိုတွေအများကြီးလုပ်ပြီးဒုစရိုက်လောကမှာနာမည်တစ်ခုရလာတာ ဂိုဏ်းနေရာအတိအကျကိုလုံးဝခြေရာခံလို့မရသေးဘူး လှုပ်ရှားမှုတွေကလည်းပြောက်ကျားစနစ်နဲ့အရမ်းမြန်လို့ဖမ်းမိဖို့ခက်တယ် ဂိုဏ်းသားတွေအားလုံးကလည်းအသေခံတပ်သားတွေ Devil group ကတော့ဖွဲ့စည်းထားတာကြာပြီဆိုတော့သိပြီးသားနေမှာပါ "
" Devil group အကြောင်းတော်တော်များများကိုတော့ကျွန်တော်သိထားပြီးပါပြီ "
" အထက်အရာရှိအနေနဲ့မဟုတ်ပဲအဖေတစ်ယောက်အနေနဲ့ပြောမယ်သား ဒီအမှုကြီးနှစ်ခုလုံးကိုအထက်ကစိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတာ အမှားအယွင်းရှိလို့မရဘူးသား ပြီးတော့လူသတ်ဖို့လည်းဝန်မလေးတဲ့သူတွေမို့လို့သားအထူးဂရုစိုက်ရမယ်နော် "
" စိတ်မပူပါနဲ့အဖေ ကျွန်တော်သတိရှိရှိနဲ့သတင်းအစအနတစ်ခုချင်းရအောင်ဆွဲထုတ်သွားပါ့မယ် "
" အဖေ စုံစမ်းရေးမှူးကိုလည်းသားနဲ့အတူအမှုလိုက်ဖို့အဖေတာဝန်ပေးထားတယ်သား "
" Miles Wei ကိုလားအဖေ "
" အင်း သူကလည်းအရည်အချင်းရှိပြီးသားမို့လို့အဖေပိုစိတ်ချလို့ရအောင် "
" ဟုတ်ကဲ့ပါ "
" အေးပါ သားသွားလို့ရပြီ "
" ဟုတ်ကဲ့အဖေ "" ခေါင်းဆောင် "
" ဒါမျိုးဆိုတက်ကြွတယ်နော် မနက်ကထုချေလွှာလာတင်တော့ဒီပုံစံတွေမဟုတ်ပါဘူး "
" ခေါင်းဆောင်ကလည်းကျွန်တော်တို့ကခေါင်းဆောင်တိုက်တာသောက်ရတော့မယ်ဆိုတော့ပျော်လို့ပါ ကျွန်တော်တို့တစ်ချိန်လုံးအမှုတွေလိုက်နေရတာလေ "
" မင်းတို့တာဝန်လစ်လစ်ပြီးသွားနေတာငါမသိဘူးများထင်နေလား "
" ဟဲဟဲ....တစ်ခါတစ်လေပါခေါင်းဆောင်ရယ် "
မိမိ၏နောက်လိုက်တွေကိုအားမရစွာနဲ့ပဲ Zhang Zhe Han တစ်ယောက်မျက်စောင်းသာထိုးလိုက်တော့သည်
" Zhe Han "
" Miles Wei မင်းကလည်းကြာလိုက်တာကွာ "
" ခုနမှတာဝန်ပြောင်းလို့ပါကွာမင်းကလည်း "
" စုံစမ်းရေးမှူး "
" မင်းတို့နှစ်ယောက်ကလည်းမြန်လိုက်တာနော် ငါကအလုပ်လေးလက်စသတ်ခိုင်းဖို့လိုက်ရှာနေတာမတွေ့တော့ဘူး "
" ဟဲ "
" ဝင်ကြစို့ကွာ "
တီ...တီ...တီ...
" Miles Wei မင်းတို့ဝင်နှင့်လိုက် ငါဖုန်းပြောလိုက်ဦးမယ် "
" အေးအေးအရင်ထိုင်နေကြနေရာကိုပဲလာခဲ့လိုက် "
" အိုကေ "
" ဟယ်လို အန်တီ "
" ဟုတ်တယ်အန်တီ ကျွန်တော်ဒီနေ့အိမ်ပြန်နောက်ကျမှာမို့လို့ ညစာမချက်ဖို့လှမ်းဆက်ထားတာ မနက်ကလောလောနဲ့ထွက်လာတာမမှာလိုက်ရလို့ "
" ဟုတ်ကဲ့အန်တီ ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ် "