Unicode
" ဘာကွ။ မင်းတို့ဒီအလုပ်လေးတောင်သေချာမလုပ်နိုင်ဘူးလား။ လူအင်အားအကုန်သုံးပြီးရှာကြ။ သူတစ်ခုခုဖြစ်ရင်မင်းတို့အားလုံးမလွယ်ဘူးမှတ် "
" သူဋ္ဌေးကောင်းဘာများဖြစ်လို့လဲ "
" အားနာပါတယ်ဗျာ။ အရေးကြီးကိစ္စပေါ်လာလို့ကျွန်တော်အခုသွားမှရမယ်။နောက်ကြုံရင်ဒီညစာစားပွဲအတွက်ကျွန်တော်ပြန်ဧည့်ခံပါ့မယ် "
" ရပါတယ်ဗျာ။ အားမနာပါနဲ့ "
" ကျွန်တော့်ကိုခွင့်ပြုပါဦး "
" ကောင်းပါပြီ "" ဘီဘီ "
" Bao လာလေ "
" Xilun အစ်ကိုအဘွားအတွက်အာဟာရဖြစ်မယ့်ဟာလေးတွေဝယ်ခဲ့တယ် "
" ကျေးဇူးတင်ပါတယ် GongJun Ge "
" ရပါတယ်အားမနာပါနဲ့။ ဘီဘီတို့ဘာစားပြီးပြီလဲ "
" ခုနကပဲဆေးရုံနားကဆိုင်မှာစားခဲ့ပြီးပြီ "
" Zhe Han Ge ဒါဆိုအစ်ကိုနားလိုက်တော့လေ "
" အင်း။ အစ်ကိုတို့ပြန်တော့မယ်။ တစ်ခုခုဆိုဖုန်းသာဆက်လိုက်။ အားနာမနေနဲ့ "
" ဟုတ်ကဲ့ "
" မနက်ကျအစ်ကိုရုံးမသွားခင်အဘွားကိုဝင်ခေါ်ပေးမယ်နော် "
" ဟုတ် ကျေးဇူးတင်ပါတယ် Ge "
" ဒါဆိုအစ်ကိုတို့သွားပြီ။ မင်းလည်းနားတော့ "
" ဟုတ် "" ငါ့ကိုလွှတ်ပေးစမ်း !!!!!! နင်တို့ငါ့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့။ အခုလွှတ်ပေး!!!!!!!!!! "
ကောင်းစံအိမ်တော်စကြ်ံလမ်းတစ်လျှောက်အနှီကောင်မလေး၏အသံကလွှမ်းမိုးသွားတော့သည်။
ဧည့်ခန်းထဲရောက်သည်နှင့်ဒေါသထွက်နေသောဖခင်အားတွေ့လိုက်ရသည်။
" ဖေဖေ "
" မင်းတို့သွားလို့ရပြီ "
" ဖေဖေ..."
" အဲ့မှာတစ်စက်မှမလှုပ်ပဲရပ်နေ။ ပြီးရင်သမီးဘာအမှားလုပ်ခဲ့လဲသုံးသပ်နေ "
" သမီးဘာမှားလို့လဲဖေဖေ။သမီးကလမ်းပျောက်သွား... "
" လေဆိပ်အဝကနေလမ်းပျောက်တာလား။ကိုယ့်အမှားကိုယ်မသိတဲ့အပြင်ဒီအဖေကိုလိမ်ချင်သေးတယ်ပေါ့ "
" သမီးကပတ်ဝန်းကျင်ကိုစူးစမ်းချင်ရုံပါဖေဖေရယ်။ဘာပြဿနာမှမရှာခဲ့ပါဘူး။ သမီးတောင်းပန်ပါတယ်နော် "
" သမီးဘာလို့အဲ့လောက်ဆိုးနေရတာလဲ။ဒီမလာခင်ကသမီးဖေဖေ့ကို့ဘာကတိပေးခဲ့လဲ "
" သမီးသိပါတယ်။နောက်မဖြစ်စေရပါဘူး "
" ပြောလိုက်ရင်မျက်နှာငယ်နဲ့။ သမီးမေမေမရှိတော့တည်းကဖေဖေပဲသမီးကိုစောင့်ရှောက်ခဲ့ရတာ။သမီးတစ်ခုခုဖြစ်ရင်ဖေဖေရင်ကျိုးရမှာမသိလို့လား "
" ဖေဖေ သမီးကိုဘယ်လောက်ချစ်လဲသမီးသိပါတယ် "
" သမီးလည်းအရွယ်ရောက်လာပြီပဲ။ ဖေဖေအများကြီးမပြောချင်တော့ဘူး။ သွားနားတော့ မနက်ဖြန်သမီးမွေးနေ့အတွက်ဖေဖေတို့စျေးဝယ်ထွက်ကြမယ် "
" ဟုတ်ဖေဖေ။ Good Night မွ... "
ဘယ်တော့မှရင့်ကျက်လာမည်မသိတဲ့သူ့သမီးလေးအားကြည့်ရင်းခေါင်းသာခါရမ်းမိတော့သည်။