Unicode
" ပါးပါး "
" ပါးပါးကိုမသတ်ပါနဲ့ "
" ဦး သားပါးပါးကိုမသတ်ပါနဲ့နော် "
" ဒိုင်း "
" အား..... "
အမှောင်ယံကြီးစိုးမှုအောက်မှာ ၁၆ နှစ်လုံးလုံးပုံစံတူအိပ်မက်တစ်ခုတည်းကိုပဲစွဲစွဲမြဲမြဲမက်လာတဲ့သနားချင့်စဖွယ်ကောင်လေးတစ်ယောက်
" ပါးပါး "
မျက်နှာပေါ်ကချွေးစက်များနဲ့အတူမျက်ရည်စက်များလည်းရောပြွန်းလို့..........နွေဦးအစ ပေကျင်းမြို့ရဲ့လမ်းမထက်မှာပန်းရောင်စုံတို့ဖူးပွင့်လို့ပျော်ရွှင်စွာလည်ပတ်နေကြတဲ့လူများနှင့်ပြည့်နက်နေသည်။ မပျော်ရွှင်နိုင်တဲ့လူနှစ်ယောက်လည်းရှိလို့နေပေသည်။
" အခုရပ်စမ်း၊ဟေ့ကောင်အမြန်လိုက်စမ်းပါကွာ "
" ငါလည်းပြေးနေတာပဲလေကွ၊တောက်..ဘယ်လိုနားရက်လဲကွာ ခေါင်းဆောင်ကငါတို့ကိုနားခွင့်ကိုမပေးပါလားကွ "
" ဝီရိယရှိလို့လည်းငါတို့ခေါင်းဆောင်ဖြစ်နေတာပေါ့ကွ၊ ကဲပါ မင်းစကားများမနေနဲ့တော့ မျက်ခြေပျက်သွားလို့ခေါင်းဆောင်ဆူတာခံနေရဦးမယ် "
" တောက်..ခွေးသူခိုးလေး..မင်းမပြေးနဲ့၊အခုရပ်စမ်း "
ပြည့်နှက်နေသောလူများအကြားတိုးဝှေ့တိုက်ခတ်ရင်းပြေးနေသောသက်ငယ်ပိုင်းလူကလေးတစ်ယောက်နောက်ပြေးလိုက်နေရှာသောရဲသားနှစ်ယောက်
" ဖယ်ပေးကြပါဦး ဖယ်ကြ....တောက်ခွေးကောင်လေးဘယ်ပျောက်သွားတာလဲ "
" ဟာငါတို့တော့ထုချေလွှာရေးရတော့မယ်ထင်တယ်ကွာ "
တစ်ဖက်မှာတော့ရဲလက်မှလွတ်လာလို့ကောင်လေးတစ်ယောက်အပျော်ကြီးပျော်နေလေရဲ့
" အဟား...ငါ့ကိုများဖမ်းချင်သေးတယ်၊ခိုးစားလာတာအံတိုနေပြီဘယ်သူ့ကိုဖမ်းချင်နေတာလဲ..ဟွန့် "
" မင်းကိုဖမ်းချင်နေတာလေ "
" ခင်ဗျား.....အားးးး "
ပြေးချိန်တောင်မရလိုက်ပဲလက်တစ်ဖက်မှာလက်ထိပ်ကအဆင့်သင့်နေရာယူပြီးသား
" မင်းကလည်းခိုးစားလာတာအံတိုနေသလိုငါကလည်းမင်းတို့လိုလူမျိုးတွေကိုဖမ်းလာတာအံတိုနေပြီကောင်လေးရ "
" ခေါင်းဆောင် "
" မင်းတို့နှစ်ယောက်ငါ့နောက်လိုက်လုပ်နေတာကြာနေပြီအခုထိအရည်အချင်းတွေမတိုးတက်လာသေးဘူးလား ငါသာဖြတ်လမ်းကမလိုက်လာရင်ဘယ်လိုလုပ်မလဲ "
" ကျွန်တော်တို့လည်းသေချာစောင်ကြည့်... "
" ငါဘာဆင်ခြင်မှမကြားချင်ဘူး မနက်ဖြန်ထုချေလွှာတစ်စောင်စီတင်ဖို့ပြင်ထား "
" ဟုတ်ကဲ့ခေါင်းဆောင် "