Unicode
မြို့ပြင်မှပြန်လာရသည်ဖြစ်သောကြောင့်စခန်းရောက်သောအခါညနေတောင်စောင်းလို့နေပြီဖြစ်သည်။
ဒီအချိန်လောက်ဆိုထိုကောင်လေးရောက်လို့နေလောက်ပြီ။
မိမိပုံစံကိုမြင်သွားရင်စိုးရိမ်နေမှာသေချာသည်။ ဖုံးကွယ်ရန်ကြိုးစားဖို့တောင်မမှီလိုက်ပါ။ စိုးရိမ်တကြီးဖြင့်မိမိထံသို့ပြေးလာသောအနှီကောင်လေးကိုတွေ့လိုက်ရသည်။
" ဘီဘီ ဒဏ်ရာတွေရလာတာလား "
" ငါဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့နော်။ အထက်လူကြီးကိုအစီရင်ခံပြီးပြန်ထွက်လာခဲ့မယ်။ လိမ္မာတယ်ဒီမှာပဲစောင့်နေနော် "
ZhangZheHan စခန်းထဲဝင်သွားပြီးမိမိမြင်ကွင်းမှပျောက်သွားသည်အထိစူးစူးနစ်နစ်ကြည့်လို့နေပေသည်။
" ဒီကောင်တွေကြောင့်ကလေးတွေအများကြီးစတေးခံရပြီးပြီ။ အခုတော့အားလုံးပြီးဆုံးသွားပြီ။ ပင်ပန်းသွားရပြီရဲမှူး Zhang "
" ကျွန်တော်တစ်ယောက်တည်းရဲ့ကြိုးပမ်းမှုမဟုတ်ပါဘူး။ အားလုံးကျွန်တော်ပေးတဲ့တာဝန်တွေကိုသေချာလိုက်လုပ်ပေးကြလို့ပါ "
" မင်းကမင်းအဖေခြေရာကိုတစ်ထပ်တည်းလိုက်နင်းမယ့်ကလေးမျိုးပဲ။ ဆက်ကြိုးစားကွာ။ ဒဏ်ရာတွေလည်းသေချာပျောက်အောင်ကုလိုက်ဦး။ မင်းအဖေခရီးကပြန်လာရင်မင်းကိုဒီပုံစံနဲ့မြင်ချင်မှာမဟုတ်ဘူး "
" ဟုတ်ကဲ့။ ကျွန်တော့်ကိုခွင့်ပြုပါဦး "
" ကောင်းပြီ "
ရေချိုးသန့်စင်ပြီးထွက်လာသည်နှင့်အိပ်ရာပေါ်တွင်ဆေးဘူးလေးကိုင်ပြီးထိုင်နေပါသောကောင်လေးအားတွေ့လိုက်ရသည်။
ပြန်လာသည့်လမ်းတလျှောက်လုံးတွင်လည်းဘာစကားမှမပြောသည့်အပြင်အခုလည်းမျက်နှာမှာမှုန်ကုပ်လို့နေသည်။
" ဘီဘီလာထိုင်။ ကျွန်တော်ဆေးထည့်ပေးမယ် "
" အင်း "
လက်မှကွဲရှနေသောဒဏ်ရာများကိုဆေးထည့်ပြီးပတ်တီးစည်းလို့ပေးသည်။