Unicode
လွန်ခဲ့သော (၃) လခန့်
" Gong Jun မင်းဒီလိုပဲအရက်တွေသောက်ပြီးပြိုလဲနေတော့မှာလား။ အစားမစားဘာမစားနဲ့အရက်တွေလှိမ့်သောက်နေတာသေချင်နေပြီလား "
" Jun Jun ငါတောင်းပန်ပါတယ်ကွာ။ ထပ်မသောက်ပါနဲ့တော့။ "
" ငါ (၁၆) နှစ်လုံးလုံးလက်စားချေဖို့ဆန္ဒတစ်ခုတည်းကိုပဲထွေးပိုက်ပြီးအသက်ရှင်လာခဲ့တာ။ ငါသည်းသည်းမည်းမည်းရှာခဲ့ရတဲ့ငါ့မိဘတွေကိုရက်ရက်စက်စက်သတ်သွားတဲ့လူယုတ်မာကငါသိပ်ချစ်ရတဲ့သူရဲ့အဖေကွ Dai Kunရာ။ ငါ့ဘယ်ဘက်ရင်ထဲက၊ငါဒီနေရာကသေလောက်အောင်နာနေတယ်။ ငါ့နာကျင်မှုပျောက်ဖို့ဒီအရက်ကပဲကုစားနိုင်တယ်။ "
" အခုချိန်မှာမင်းစိတ်ထဲဘယ်လိုတွေခံစားနေရမလဲငါသိပါတယ်ကွာ။ ဒါပေမယ့်မင်းမိဘတွေအတွက်မင်းအားတင်းထားရမယ်လေ "
" ငါကသူ့အဖေကိုပြန်သတ်မယ့်သူဆိုတာဘီဘီသိသွားခဲ့ရင်ဘာတွေဆက်ဖြစ်မယ်ထင်လဲ။ ငါရဲ့အထီးကျန်လွန်းတဲ့ဘဝထဲအလင်းတွေပေးခဲ့တဲ့သူ့အပေါ်ငါဘယ်လိုရက်စက်နိုင်မလဲ "
အရင်က ZhangZheHan ၏အဖေအပေါ်ဘယ်လောက်အထိချစ်ကြောင်းရင်ဖွင့်လာသောစကားများကိုသာအထပ်ထပ်ကြားနေမိသည်။
" ဒီလိုလုပ်ပါလား။ မင်းအခုစိတ်အခြေအနေနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ စိတ်ပြေလက်ပျောက် New York ကိုသွားကြမလား။ ဟိုမှာမင်းရဲ့ကာစီနိုဝိုင်းလည်းရှိနေတာပဲ။ မင်းအလုပ်ထဲခဏစိတ်နှစ်လိုက်ရင်စိတ်တွေပြန်တည်ငြိမ်လာမယ်ထင်တယ်။ မင်းကောင်လေးနဲ့ပတ်သက်ပြီးအမှတ်တရတွေမရှိတဲ့နေရာဆိုတော့မင်းအဆင်ပြေမှာပါ။ "
မဟုတ်ဘူး Dai Kun ငါဘယ်ပဲရောက်နေနေငါ့နှလုံးသားထဲမှာဘီဘီနဲ့ပတ်သက်တဲ့အရာမှန်သမျှသေရာပါအောင်စွဲနေမှာ။
သို့ပေမယ့်ဤအခြေအနေကလွတ်မြောက်ဖို့အတွက်သူငယ်ချင်းဖြစ်သူအကြံပေးချက်ကိုလက်ခံလိုက်သည်။
" မနက်ဖြန်အစောဆုံးလေယာဉ် booking လုပ်လိုက်ကွာ။ ငါအပြင်ခဏသွားဦးမယ် "
" မင်းဒီပုံစံနဲ့ကားမောင်းမလို့လား "
" ရတယ် "