Chapter ( 26 )

140 24 2
                                    

Unicode

" ကိုကိုဒီမှာကြည့်ပါဦးဒီဝတ်စုံလေးနဲ့အဆင်ပြေလားဟင် "

" ကောင်းဝမ်ဝတ်မယ့်အကျီပဲလေကောင်းဝမ်သဘောကျရင်ရပြီမလား "

" ဒါပေမယ့်ကိုယ်လက်ထပ်မယ့်ယောက်ျားလေးအမြင်မှာလှနေဖို့လည်းလိုသေးတယ်လေကိုကိုရဲ့။ ကောင်းဝမ်လှရဲ့လားလို့ "

" အင်းအဆင်ပြေပါတယ် "

မကြာခင်မိမိသတို့သမီးဖြစ်လာတော့မည့်သူ၏အမေးစကားကိုသာမန်ကာလျှံကာပြန်ဖြေရင်းဖုန်းနံပါတ်လေးတစ်ခုအားကောက်နှိပ်လိုက်သည်။

" Dai Kun အချိန်ကျပြီ "

" Oki "

တီ... တီ... တီ

" ဂိုဏ်းချုပ်ပြဿနာတက်နေပြီ။ ရုံးချုပ်ကိုရဲတွေမွှေနှောက်နေပြီ။ (၁၀) ယောက်လောက်လည်းမိထားတယ်ဂိုဏ်းချုပ် "

" ဘာ !!!!!! အရင်ဆုံးအဲ့နေရာကထွက်ခဲ့တော့ "

" ဟုတ်ကဲ့ဂိုဏ်းချုပ် "

Gong Jun !!!!!!!!!!!!!

Zhang Zhou Li ဇက်ပိုးကိုဖိကိုင်လိုက်ကာထိုင်ခုံပေါ်အသာထိုင်ချလိုက်သည်။ ရင်ထဲမှတောက်လောင်နေသောဒေါသမီးတို့မှာလည်းတစ်ကိုယ်လုံးကူးစက်လာပြီးထိုင်မရထမရဖြစ်လို့နေသည်။ မိမိပိုင်ဆိုင်ထားသမျှအားလုံးဆုံးရှုံးသွားပြီဖြစ်သည်။ လတ်တလောဒေါသပြေငြိမ်းရန်စားပွဲပေါ်ရှိအရာအားလုံးကိုကြမ်းပြင်ပေါ်သို့တိုက်ချလိုက်သည်။

မင်းကိုငါသတ်မယ် Gong Jun ။ ငါအရာအားလုံးဆုံးရှုံးလိုက်ရသလိုမင်းလည်းဆုံးရှုံးစေရမယ်။

" အားလုံးပင်ပန်းသွားကြပြီ "

" ဆရာကျွန်တော်တို့ဂုဏ်ပြုတဲ့အနေနဲ့ညနေ bar သွားကြမယ်လေ "

" မင်းတို့ကလေ... ကောင်းပြီ ။ သွားကြမယ် "

" Yes!!!! "

" Zhe Han မျက်နှာလည်းမကောင်းဘူး။ Devil ရဲ့နေရာကိုသိမ်းလိုက်နိုင်တာမင်းမပျော်ဘူးလား "

" ငါတို့ခေါင်းဆောင်ကိုမဖမ်းမိသရွေ့ Devil ကဘယ်နေရာမှာဖြစ်ဖြစ်အသစ်ပြန်စလို့ရမှာပဲလေ "

Criminal (Completed )Wo Geschichten leben. Entdecke jetzt