Unicode
" သားစနေနေ့ကိုဘယ်သွားမလို့လဲ "
" အာ..... ကျွန်တော်အလုပ်ရှုပ်နေတာနဲ့အဖေ့ကိုအစီအရင်ခံဖို့မေ့သွားတယ်။ ဒီနေ့ Devil ကရောင်းဝယ်ရေးအသေးစားလုပ်မယ်လို့သတင်းရထားတယ်အဖေ ။ ဒါကြောင့်ကျွန်တော်တို့လူအင်အားနည်းနည်းနဲ့ပဲလှုပ်ရှားဖို့စီစဥ်ထားတယ်အဖေ "
" ဒီလောက်အရေးကြီးတာကိုမှအစီအရင်ခံဖို့မေ့ရလားသားရယ် "
" တောင်းပန်ပါတယ်အဖေ "
" ထားပါတော့၊ တစ်ဖက်ကအင်အားနည်းတိုင်းအထင်မသေးနဲ့ သေချာဂရုစိုက်သား "
" ဟုတ်အဖေ ကျွန်တော်သွားတော့မယ် "
" ကောင်းပါပြီ "" ခေါင်းဆောင် "
" အားလုံးအဆင်သင့်ဖြစ်ပြီလား မနေ့ကပြောထားသလိုပဲ ငါအချက်ပြမှစလှုပ်ရှားကြမယ် ငါနဲ့စုံစမ်းရေးမှူးရှေ့ကသွားမယ် အားလုံးသတိရှိကြပါ "
" ဟုတ်ကဲ့ခေါင်းဆောင် "
သတ်မှတ်ထားသောနေရာများတွင်အားလုံးနေရာယူထားပြီးရန်သူတွေရဲ့လှုပ်ရှားမှုအားစောင့်ကြည့်နေခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှတစ်စုံတစ်ခုမူမမှန်တော့ကြောင်း
Zhang Zhe Han တစ်ယောက်သတိထားမိလာသည်။
" Miles Wei တစ်ခုခုတော့လွဲနေပြီ ၊ ငါတို့စောင့်နေတာကြာလှပြီ အခုထိဘာအရိပ်အယောင်မှမတွေ့သေးဘူး ဒီနေရာရောဟုတ်ရဲ့လား "
" ဟုတ်ပါတယ်ကွ သေချာပါတယ် ခဏလောက်ထပ်စောင့်ကြည့်လိုက်ပါဦး "
စိတ်ထဲအလိုမကျစွာနှင့်ပင်ခေါင်းသာငြိမ့်ပြလိုက်တော့သည်။
တီ....တီ....တီ...တီ
" Hello "
" ဘာ...နေရာရွှေ့သွားတယ် ဘယ်လိုဖြစ်တာလဲမင်းကိုမိသွားလို့လား "
" ကောင်းပြီ ဘာဖြစ်ဖြစ်ရှေ့လျှောက်မင်းပိုသတိထားရမယ် "" ဘာဖြစ်လို့လဲ "
" ဒီကောင်တွေငါတို့လာမှာရိပ်မိသွားတယ်ထင်တယ် နေရာရွှေ့သွားတယ်တဲ့ "
" ဘာ ငါတို့လူသိမှာစိုးလို့တောင်လူအင်အားနည်းနည်းလေးသုံးထားတာကိုဘယ်လိုရိပ်မိသွားတာလဲ "
" ငါလည်းအဲ့ဒါကိုစဥ်းစားမရတော့ဘူး လောလောဆယ်တော့ဒီနေရာကအမြန်ထွက်ရအောင် အန္တရာယ်များတယ် "
" ပြစ်မှတ်လွတ်သွားပြီ အကုန်လုံးတိတ်တဆိတ်ပြန်ဆုတ်မယ် "
" ဟုတ်ကဲ့ခေါင်းဆောင် "
Zhang Zhe Han တစ်ယောက်စိတ်ပျက်စွာနှင့်ပင်ထိုနေရာမှထွက်လာခဲ့တော့သည် ။