Unicode
" အဖေသွားပြီလားအန်တီ "
" ခုနလေးကမှထွက်သွားတာပါသခင်လေး "
" ကျွန်တော်လည်းသွားတော့မယ် "
" မနက်စာမစားသွားဘူးလားသခင်လေး "
" စားချင်စိတ်မရှိပါဘူးအန်တီရယ် "
" နေမကောင်းဘူးလားသခင်လေး။ ကျွန်မဆေးသွားယူပေးရမလား "
" နေမကောင်းတာမဟုတ်ပါဘူးအန်တီရယ်။ စိတ်မကောင်းတာ။ ကျွန်တော်သွားလိုက်ပါဦးမယ် "
အိမ်တော်ထိန်းတစ်ယောက်လည်း Zhang Zhe Han ရဲ့အဖြေအားနားမလည်စွာဖြင့်ပင်ကျန်ရစ်ခဲ့တော့သည်။" Morning အစ်ကို "
" မင်းအသက်ရှိသေးသားပဲ "
" အစ်ကိုကျွန်တော့်ကိုမျှော်နေတာလား "
" ငါ...ငါကဘာကိစ္စမျှော်ရမှာလဲ "
" မမျှော်ဘူးဆိုလည်းထားပါလေ။ ကားပေါ်တက်ကျွန်တော်လိုက်ပို့ပေးမယ် "
" မလိုပါဘူး။ ငါ့ကားနဲ့ငါသွားမယ် "
" ကျွန်တော်အစ်ကို့ကိုတွေ့ချင်လွန်းလို့အစောကြီးထလာတာဘာမှမစားခဲ့ရဘူး။ ကျွန်တော်နဲ့မနက်စာသွားစားရအောင်နော်။ ကျွန်တော်ဗိုက်ဆာလွန်းလို့အူတောင်ခေါက်နေပြီ "
ဗိုက်ဆာလွန်းလို့လဲကျမတတ်ဖြစ်နေသောကျွန်တော့်အားအကြင်ချစ်ရသူမှမျက်စောင်းလေးထိုးကာ
" ကောင်းပြီလေ။ လိုက်ချင်လွန်းလို့တော့မဟုတ်ဘူး။ ကားဓာတ်ဆီအကုန်ခံစရာမလိုတော့လို့ "
" ဟုတ်ကဲ့။ တက်ပါခင်ဗျာ "" ကျွန်တော်ခါးပတ်ပတ်ပေးမယ် "
" မလိုဘူး။ မင်းလက်ကိုဖယ် ''
ကျွန်တော့်ရဲ့တစ်ရက်တာပျက်ကွက်မှုအားအကြီးအကျယ်စိတ်ဆိုးနေသောကြင်နာသူ၏လက်ကလေးအားတယုတယကိုင်ရင်း
" အစ်ကိုကျွန်တော့်ကိုစိတ်ဆိုးနေတာလား "
" မဆိုးပါဘူး။ ငါ့လက်ကိုလွှတ်စမ်းအခု "
" မလွှတ်ဘူး။ကျွန်တော့်ကိုစိတ်မဆိုးတော့ဘူးဆိုမှလွှတ်ပေးမယ် "
" မဆိုးပါဘူးဆိုနေ "
" မဆိုးဘူးသာပြောတာအစ်ကို့မျက်နှာကိုလည်းကြည့်ပါဦး "
" ဘာဖြစ်နေလို့လဲ။ငါမွေးတည်းကဒီရုပ်ပဲ "
" ဟား.... "
" ဘာရယ်တာလဲမင်းက "
" အစ်ကိုကအရမ်းချစ်စရာကောင်းလို့ "
ကျွန်တော့်စကားတစ်ခွန်းကြောင့်မျက်နှာတစ်ခုလုံးနီမြန်းလာကာနားရွက်လေးများအထိပါ
" ကျွန်တော်တောင်းပန်ပါတယ်။မနေ့ကညဘက်လုပ်တဲ့ကောင်လေးကခွင့်ယူထားလို့ကျွန်တော်ကအစားထိုးလုပ်ပေးရတာပါ။ဖုန်းကိုင်ဖို့အချိန်မရလောက်အောင်ကိုဧည့်သည်တွေကျလာလို့ပါ။စိတ်မဆိုးပါနဲ့နော်။ "
" အင်းမဆိုးဘူး။ငါ့လက်ကိုလွှတ်တော့ "
" မလွှတ်ချင်သေးဘူး "
" မင်းဘယ်လိုကားမောင်းမှာလဲ။ "
" ဒီလိုလေ။ တစ်ဖက်ကအစ်ကို့လက်ကိုကိုင်ပြီးနောက်တစ်ဖက်ကမောင်းမယ်လေ "
" ပြောလည်းမနိုင်ဘူး။ သဘောပဲ "
ချစ်ရသူ၏လက်ဖမိုးလေးအားတစ်ချက်နမ်းရှိုက်လိုက်ရင်းလိုရာခရီးသို့မောင်းနှင်ရန်စက်နှိုးလိုက်ပါတော့သည်။