Unicode
"မဂ်လာပါသူဋ္ဌေးကောင်း။လမ်းခရီးအဆင်ပြေချောမွေ့ပါရဲ့လား "
" အဆင်ပြေပါတယ်။မတွေ့ရတာကြာပြီ။နေကောင်းပါရဲ့လား "
" ကောင်းပါတယ်ဗျာ။ထိုင်ပါဦး "
" ပစ္စည်းကောင်းလေးတွေမို့လို့ကျွန်တော်ကိုယ်တိုင်ပဲလာခဲ့လိုက်တာ "
" သူဋ္ဌေးကောင်းကိုအလုပ်ပိုစေခဲ့မိပြီ။အားနာပါတယ်ဗျာ "
" ရပါတယ်ဗျာ။ ကျွန်တော်တို့အလုပ်တွဲလုပ်လာတာကြာပြီပဲ "
" ကျေးဇူးတင်ပါတယ်။ Devil အခုလိုအားကောင်းနေရတာ Eagle ရဲ့ကူညီမှုအများကြီးပါပါတယ်။ "
" ယုံကြည်စိတ်ချရတဲ့သူမို့လို့ပါ "
" မနက်ဖြန်ညကျရင်ကျွန်တော်သူဋ္ဌေးကောင်းကိုညစာဖိတ်ကျွေးချင်ပါသေးတယ်။အချိန်ရရဲ့လားမသိဘူး "
" ရပါတယ်။ကျွန်တော်ဒီတစ်ခေါက်ကိစ္စလေးတွေရှိလို့တစ်ပတ်လောက်ကြာမှာဆိုတော့ "
" ဒါဆိုကျွန်တော် အချိန်နဲ့နေရာ confirm ပြီးရင်လာကြိုခိုင်းလိုက်ပါ့မယ် "
" ကောင်းပါပြီ။ ဒါဆိုမနက်ဖြန်ကျမှတွေ့ကြတာပေါ့ "
" ဟုတ်ကဲ့ပါသူဋ္ဌေးကောင်း "ZhangZheHan တစ်ယောက် ၂နာရီလောက်အချိန်ပေးပြီးတဲ့နောက်မှာတော့အမှုတွဲ file များအားစီစစ်၍ပြီးသွားခဲ့သည်။
📩 ကျွန်တော်ရောက်ပြီဘီဘီ 📩
" Miles Wei ဒါလချုပ်အမှုတွဲ files ငါအားလုံးလုပ်ပြီးပြီ။ ရဲအုပ်လာရင်တင်ပြပေးပါဦး "
" မင်းမစောင့်တော့ဘူးလား "
" အင်း။ငါသွားပြီ "
" အေးအေး "" ကော်ဖီပူပူလေးဝယ်လာတယ်ဘီဘီ။အလုပ်တွေလုပ်ရတာပင်ပန်းတယ်မလား "
" နည်းနည်းပါ။ ဒါနဲ့ Bao လမ်းမှာပန်းဆိုင်တွေ့ရင်ရပ်ပေးပါဦး။အဖေနဲ့အမေ့အတွက်ဝယ်သွားချင်လို့ "
" ဟုတ်ကဲ့ပါခင်ဗျာ "
ဒီလိုနဲ့ပဲပန်းစည်းဝယ်ပြီးတဲ့နောက် GongJun ၏မိဘများပြာအိုးထားထားသောအုတ်ဂူဆီသို့ရောက်ရှိလာကြသည်။
ဝယ်လာသောပန်းစည်းများကိုမိဘနှစ်ပါး၏အုတ်ဂူရှေ့တွင်ထားလိုက်ပြီး
" မဂ်လာပါအဖေနဲ့အမေ။ကျွန်တော်က Zhang Zhe Han ပါ။ကျွန်တော်လာနှုတ်ဆက်တာနောက်ကျသွားလို့တောင်းပန်ပါတယ်။ GongJun ကိုလည်းအခုကစပြီးကျွန်တော်သေချာဂရုစိုက်ပေးမှာမို့လို့အဖေနဲ့အမေစိတ်ချပါ။ "
" Wow! ပါးနဲ့မားကတော့သားမက်လိမ္မာလေးရထားတာပဲ..အား....ဘာလို့ဆွဲဆိတ်တာလဲ။ကျွန်တော်ဘာပြောမိလို့လဲ။ပါးနဲ့မားတွေ့လား။ ပါးပါးတို့သားမက်အလိမ္မာလေးကကျွန်တော်ကိုအနိုင်ကျင့်နေတယ် "
" သူဆိုးရင်လည်းအခုလိုဆုံးမမှာမို့လို့ကျွန်တော့်ကိုသာယုံကြည်ပါအဖေနဲ့အမေ "