Unicode
" GongJun, မင်းခဏလောက်ထိုင်နေပါလား။ ငါတော်တော်မျက်စိနောက်နေပြီ "
" ငါဝတ်ထားတာအဆင်ပြေရဲ့လား။ အရမ်းကြီး over ဖြစ်နေလား "
အမည်းရောင် suit အပြည့်နှင့်ဆံပင်ကိုသေသေသပ်သပ်လှန်ဖြီးထားပြီးသတို့သားအယောင်ဖြစ်နေသောသူငယ်ချင်းအားတစ်ချက်ကြည့်ရင်း
" အားလုံးအဆင်ပြေတယ်။ မင်းယောက္ခထီးနဲ့တွေ့ရမှာအဲ့လောက်တောင်စိတ်လှုပ်ရှားနေလား။ ဟိုကသူ့သားကို accident ကနေကယ်တင်ပေးလို့ကျေးဇူးတင်တဲ့အနေနဲ့မင်းကိုညစာခေါ်ကျွေးတာလေ။ သူ့သားချစ်သူမှန်းသိမှမသိသေးတာ။ မင်းကဘာဖြစ်နေတာလဲ "
" ငါစိတ်ထဲလေးနေလို့တစ်မျိုးကြီးပဲ "
" ကုန်းလောင်ရှီး..... အရင်ဆုံးစိတ်ကို relax လုပ်ပြီးသွားဖို့လုပ်တော့။နောက်ကျနေမှမင်းယောက္ခထီးစိတ်ကွက်တာခံနေရမယ် "
" အေးပါကွာ။ ငါသွားပြီ "
" လမ်းမှာကားလည်းသတိထားမောင်းသွားဦး "
" ဒီမှာသစ်သီးတွေပါ ဦး "
" ဒါတွေဝယ်လာဖို့မလိုပါဘူးသားရယ်။ ဦးတို့ကအလုံးစုံဧည့်ခံရမှာပေါ့။ တွေ့ရတာဝမ်းသာပါတယ်ကွယ် "
" ဟုတ်။ တွေ့ရတာဝမ်းသာပါတယ်ဦး "
" ကဲပါ။ အိမ်ထဲအရင်ဝင်ကြရအောင်လေအဖေ "
" အေးအေးဟုတ်ပါပြီ။ လာသားအထဲဝင်။ အားမနာနဲ့ကိုယ့်အိမ်လိုပဲသဘောထား "
" ဟုတ်ကဲ့ "
" ထိုင်သား။ accident ဖြစ်တုန်းကလည်းဦးကလာမတွေ့နိုင်ခဲ့ဘူး။ ကြားထဲမှာလည်းအလုပ်တွေရှုပ်နေတာနဲ့ပဲသားအပေါ်တာဝန်တွေလစ်ဟင်းကုန်တယ်။ ခွင့်လွှတ်ပါကွယ် "
" မဟုတ်တာပဲဦးရယ်။ အားမနာပါနဲ့။ ကျွန်တော်နားလည်ပါတယ် "
" အေးပါကွယ်။ ဦးလေးသားကိုအသက်ပေးပြီးကယ်ပေးတာကျေးဇူးတင်ပါတယ်။ နောက်ကျသားတစ်ခုခုလိုအပ်တာရှိရင်ဦးလေးတို့ကိုပြောနိုင်တယ်နော် "
" ဟုတ်ကဲ့ဦး။ ကျေးဇူးတင်ပါတယ် "
" ဗိုက်ဆာနေပြီလား "