Unicode
ဝမ်းဗိုက်ဓားဒဏ်ရာမှယိုစိမ့်နေသောသွေးများကိုလက်ဖြင့်ဖိကာနာကျင်မှုကိုအံတုရင်းအနာကိုချုပ်ရန်အခန်းလေးအတွင်းတစ်ယောက်တည်းကြိုးစားနေရှာသည်။
နာကျင်လွန်းလှ၍အောက်နှုတ်ခမ်းပင်တုန်ရီနေပြီးတစ်ကိုယ်လုံးချွေးများရွှဲနစ်လို့နေ၏။
" အဖေသွေးတွေနဲ့ အဖေ့ကိုဘယ်သူလုပ်တာလဲ ဟီး........ဟီး.........."
သားဖြစ်သူအခန်းထဲဝင်လာသည်ကိုပင်သတိမထားမိလောက်အောင်နာကျင်မှုဒဏ်ကလွှမ်းမိုးထားသည်ပင်
" မငိုပါနဲ့သားလေးရယ် အဖေဘာမှမဖြစ်ပါဘူး "
ဗိုက်ကသွေးတွေကိုကြည့်ပြီးအငိုမတိတ်သည့်အပြင်ပိုသည်းထန်စွာငိုလာတော့သည်။
" ဟီး........သွေးတွေအများကြီးထွက်နေတယ်အဖေနာနေမှာ ဟီး......."
( မြန်မာအသံထွက်ကိုရေးရတာလဲငိုမှန်းမသိရယ်မှန်းမသိ 😑 )
" အဖေမနာပါဘူးသာလေးရယ် အဖေကလူဆိုးတွေကိုဖမ်းရင်းဒဏ်ရာနည်းနည်းရလာတာပါ ။ သားကဂုဏ်ယူရမှာလေ မငိုရဘူးနော်သားလေး "
" လူဆိုးတွေကိုဖမ်းတာဂုဏ်ယူရမှာလားအဖေ "
" ဒါပေါ့သားလေးရဲ့ လူဆိုးတွေကိုဖမ်းပြီးပြည်သူတွေကိုကာကွယ်ပေးတာသိပ်ကောင်းတဲ့အလုပ်ပေါ့ကွယ် "
" ဒါဆိုသားလည်းကြီးလာရင်အဖေ့လိုရဲဖြစ်အောင်ကြိုးစားမယ် "
" ဟား..ဟား..ဟား...ဟား..ကောင်းတာပေါ့သားလေးရယ် "
မျက်လုံးတို့ကိုမှေးစင်းသွားသည်အထိသဘောတကျပြုံးပြလာပါသောကလေးငယ်လေး
၅နှစ်အရွယ်ကလေးလေးကသူ၏ကတိစကားအတိုင်းဖြစ်မြောက်အောင်အကောင်းဆုံးကြိုးစားနိုင်ခဲ့ပါပေသည်။" အား....ရား....ခေါင်းကိုက်လိုက်တာ ကျွတ်"
" အစ်ကိုနိုးလာပြီလား "
ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့်ကိုက်ခဲနေသည့်ဝေဒနာကိုနှစ်ဆခံစားလိုက်ရသလိုပင်
" မင်း...မင်း...ငါ့အခန်းထဲဘယ်လိုရောက်နေတာလဲ "
" ဟား..ဟား..မျက်လုံးကိုသေချာဖွင့်ပြီးဘယ်သူကဘယ်သူ့အခန်းထဲရောက်နေတာလဲဆိုတာကိုကြည့်ကြည့်ပါဦးရဲမှူးလေးရဲ့ "
ထိုအခါမှပတ်ဝန်းကျင်အနေအထားကိုသတိထားကြည့်မိတော့သည်။
" မင်း...ငါ...ငါကဘယ်လိုလို့မင်းအခန်းထဲရောက်နေရတာလဲ။ မင်း..မင်းငါ့ကိုဘာလုပ်လိုက်သေးလဲ။ "
ကုတင်ပေါ်ကမထသေးသောကောင်လေးရဲ့ဘေးနားတွင်ဝင်ထိုင်လိုက်ကာအနားသို့ပိုတိုးကပ်ရင်း
" ဘာလုပ်လိုက်တယ်လို့အစ်ကိုထင်လဲ "
" မင်းကအသားနာချင်နေပြီနဲ့တူတယ် "
ပြောဆိုရင်းဖြင့် GongJun ၏မျက်နှာထက်သို့ရွယ်လိုက်သောလက်တို့ကို GongJun ကဖမ်းကိုင်လိုက်ရင်းလက်ဖမိုးပေါ်သို့နူးညံ့သောအနမ်းတစ်ပွင့်ခြွေလိုက်သည်။
" မင်း......."
" ကြောက်ပါတယ်ဗျာ အစ်ကိုမနေ့ကအရမ်းမူးပြီးအိပ်ပျော်သွားလို့လေ။ အစ်ကို့အိမ်လည်းမသိတာနဲ့ကျွန်တော့်အိမ်ပဲခေါ်လာလိုက်တာ အဝတ်အစားတွေကတော့.... ကျွန်တော်ဘာမှမမြင်လိုက်ပါဘူး ကျွန်တော်မျက်လုံးကိုသေချာပိတ်ပြီးလဲပေးထားတာပါ "
GongJun ဘက်သို့မျက်စောင်းလေးထိုးရင်းအိမ်အခြေအနေကိုနောက်ထပ်တစ်ခေါက်သေချာကြည့်မိသည်။
" ဒါမင်းအိမ်လား "
" ဟုတ်တယ်လေ ဘာလို့လဲ "
" Bar မှာအလုပ်လုပ်လို့ရတဲ့ပိုက်ဆံနဲ့ဒီလောက်ကြီးတဲ့အိမ်မျိုးဝယ်နိုင်တယ်ပေါ့ "
" အာ...... Bar ကရတဲ့ပိုက်ဆံလောက်နဲ့တော့ဘယ်ဝယ်နိုင်မှာလဲဗျ။ ဒီအိမ်ကြီးကကျွန်တော့်မိဘတွေဆီကအမွေရထားတာပါ "
" မင်းမိဘတွေကမင်းနဲ့အတူမနေဘူးလား "
" ကျွန်တော် ၄ နှစ်တည်းကအဖေရောအမေရောဆုံးသွားတာ "
" တောင်းပန်ပါတယ် ငါနဲ့မဆိုင်ပဲစပ်စုမိသွားတယ် "
" ရပါတယ်ဗျာ ပြီးတော့အစ်ကိုနဲ့ဆိုင်ပါတယ်ဗျ "
" မင်း..မင်းနော် စကားပြောတာတွေသတိထား "
" ဟား..ဟား..အစ်ကိုရေချိုးပြီးဆင်းလာခဲ့နော် ကျွန်တော်မနက်စာပြင်ထားပေးမယ် "
GongJun အခန်းထဲမှထွက်သွားသည်နှင့် Zhang Zhe Han တစ်ယောက်ရေမိုးချိုးရန်ပြင်ဆင်လိုက်တော့သည်။
" အစ်ကိုလာထိုင်"
" ဒါတွေကမင်းချက်ထားတာလား "
" ဒီအိမ်မှာကျွန်တော်ပဲရှိတာလေကျိန်းသေပေါက်ကျွန်တော်ပဲချက်တာပေါ့အစ်ကိုရဲ့ "
" မင်းကဟင်းချက်တတ်တယ်ပေါ့ "
" ငယ်ငယ်တည်းကတစ်ယောက်တည်းနေလာတော့ချက်တတ်တာပေါ့ဗျ စားကြည့်ပါဦး "
စားပွဲပေါ်ရှိစုံလင်လှသောအစားအသောက်များထဲမှကြာစွယ်ဟင်းချိုကိုမြည်းစမ်းကြည့်လိုက်သည်။
" ဘယ်လိုလဲကောင်းလားအစ်ကို "
" အင်းမဆိုးပါဘူး "
" အဲ့ဒါဆိုများများထည့်စားနော် "
" အင်း "
အစားအသောက်များကိုမြိန်ရေယှက်ရေစားသောက်ပြီးသည့်အချိန်မှာတော့
" ငါ့ကိုခေါ်လာပေးတာရော မနက်စာကျွေးတာရော..........ကျေးဇူးပဲ၊ ငါပြန်တော့မယ် "
" ပြန်တော့မလို့လားနေပါဦး "
" နေပြီးငါကဘာလုပ်ရမှာလဲ ပြန်တော့မယ် ငါ့အဖေကိုဘာမှမပြောထားရသေးဘူး သူစိတ်ပူနေလိမ့်မယ် "
" ကောင်းပါပြီဗျာ။ ဒါဆိုကျွန်တော်လိုက်ပို့ပေးမယ်လေ "
" မလိုပါဘူး။ ရပါတယ် ။ ငါ့ဘာသာငါပဲပြန်လိုက်မယ် "
တီ.......တီ......တီ
" ဟယ်လို "
" ခေါင်းဆောင် မြေအောက်ဘူတာရုံနားက လမ်းအမှတ် (၂၀)၊ တိုက်အမှတ် ( ၁၃) မှာကလေးပြန်ပေးဆွဲမှုဖြစ်လို့ဆရာ၊ တရားခံက ကလေးကိုခေါ်ပြီးတိုက်ပေါ်ပြေးတက်သွားတာတွေ့တယ်လို့နယ်ခံတွေကပြောပါတယ် "
" ငါအခုလာခဲ့မယ်။ မင်းဆေးအဖွဲ့ကိုခေါ်ထားလိုက် ၊ လိုရမယ်ရအသက်ကယ်အိတ်တွေပါပြင်ခိုင်းထား "
" ဟုတ်ကဲ့ခေါင်းဆောင် "
" ဘာဖြစ်လို့လဲအစ်ကို "
" မြေအောက်ဘူတာရုံနားကလမ်းမှာအမှုဖြစ်လို့ငါသွားရမယ် "
" မြေအောက်ဘူတာဆိုရင်ဒီကနေ နာရီဝက်ပဲကြာတယ်အစ်ကို၊ (၁၅) မိနစ်နဲ့ရောက်အောင်ကျွန်တော်မောင်းပို့ပေးနိုင်ပါတယ် "
အမှုအတွက်အရေးကြီးနေသဖြင့်မငြင်းတော့ပဲလက်ခံလိုက်သည်။
" အင်းဒါဆိုလည်းအားကိုးပါတယ် "
" စိတ်ချအစ်ကို "