Chapter ( 6)

218 33 0
                                    

Unicode

" JinWei, GongJun ခေါ်ထားတာမလား "
     " ဟုတ်ကဲ့ဆရာ "
     " အေး။ ဝင်ရအောင် "
          ဒေါက်...ဒေါက်....ဒေါက်
     " ဝင်ခဲ့ပါ "
     " JunJun "
     " ဪ၊ မင်းတို့ရောက်ပြီလား။လာထိုင်ကြ "
     " meeting ဆိုပြီးငါတို့သုံးယောက်ပဲလား "
     " အင်း။ တစ်ခြားသူတွေသိဖို့မလိုလို့။ ငါမင်းတို့နှစ်ယောက်လုံးကိုတာဝန်ပေးစရာရှိတယ်။ ထိုင်ဝမ်ဘက်ကနေပစ္စည်းကောင်းတွေရထားတယ်။ အခုတလော Devil နဲ့အရောင်းအဝယ်လုပ်နေတဲ့ဂိုဏ်းအသေးလေးတစ်ခုရှိတယ်။ Dai Kun မင်းငါ့ပစ္စည်းတွေကိုအောက်စျေးနဲ့အဲ့ဂိုဏ်းကိုရောင်းလိုက်။ ငါတို့ဂိုဏ်းနာမည်မသုံးမိစေနဲ့။ "
     " Oki "
     " သူတို့တွေစျေးတင်ပြီး Devil နဲ့အရောင်းအဝယ်ပြန်လုပ်မှာသေချာတယ်။ "
     " Jin Wei "
     " ဟုတ်ကဲ့သခင် "
     " ငါ့ဂိုဏ်းသားတွေအားလုံးထဲမှာမင်းကအထက်မြက်ဆုံးနဲ့အယုံကြည်ရဆုံးသူပဲ။ဒါကြောင့်မင်းကိုဒီအလုပ်ကိုတာဝန်ပေးတာ။ Devil ဂိုဏ်းမှာဂိုဏ်းသားတွေကိုအဆင့်သုံးဆင့်နဲ့ထားတယ်။အရောင်းအဝယ်လုပ်မယ့်ပစ္စည်းတန်ဖိုးအလိုက်သတ်မှတ်ထားတဲ့အဆင့်တွေနဲ့ဂိုဏ်းသားတွေကိုလွှတ်တယ်။ "
     " ပထမအဆင့်ဂိုဏ်းသားတွေကပဲခေါင်းဆောင်နဲ့တွေ့ခွင့်ရပြီးတော့သူ့မျက်နှာကိုမြင်ဖူးကြတာ။ဒီတစ်ခေါက် Devil နဲ့အရောင်းအဝယ်လုပ်တာဂိုဏ်းအသေးစားလေးမို့လို့တတိယအဆင့်ဂိုဏ်းသားတွေကိုလွှတ်လိမ့်မယ်။မင်းတာဝန်ကအဲ့အချိန်ကြရင်ဂိုဏ်းသမားတစ်ယောက်နေရာအစားထိုးဝင်ယူရမယ်။မင်းအရည်အချင်းနဲ့ဆိုပထမအဆင့်ထဲရောက်ဖို့သိပ်မကြာလောက်ပါဘူး။လောလောဆယ်တော့မင်းတာဝန်ကDevil ဂိုဏ်းထဲဝင်ပြီးပထမအဆင့်ထဲဝင်အောင်လုပ်ဖို့ပဲ။ ဒီတာဝန်ပြီးမှဆက်ညွှန်ကြားမယ် "
     " ဟုတ်ကဲ့ပါသခင်။ သခင်စိတ်မပျက်စေရပါဘူး။ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ် "
     " ကောင်းပါပြီ။ဒါဆိုမင်းတို့နားလို့ရပြီ "
          နှစ်ယောက်စလုံးဦးညွတ်ကာအခန်းတွင်းမှထွက်ခွာသွားကြသည်။
       ခဏလေးပဲစောင့်ပေးပါမားမားနဲ့ပါးပါး ကျွန်တော်ဒီလူကိုရအောင်ရှာပြီးသွေးကြွေးဆပ်ခိုင်းမှာပါ

     " ဒီနေ့တစ်ရက်တော့နားလိုက်ပါလားသားရယ်။ လက်ကလည်းထိခိုက်ထားတာကို "
     " သက်သာသွားပါပြီအဖေရဲ့။ ဘာမှမဖြစ်တော့ပါဘူး "
     " ငါ့သားကအလုပ်ဂျပိုးပဲ။ ဒါတော့အဖေနဲ့တူနေတာမကောင်းဘူးနော်။ လူဆိုတာနားသင့်တဲ့အချိန်နားပေးရတယ် ။ "
     " တကယ်သက်သာတာပါအဖေရဲ့ "
     " ပြောလည်းမနိုင်ပါဘူးကွယ်။ လာအဖေနဲ့တစ်ခါတည်းလိုက်ခဲ့။ သားကားမောင်းဖို့အဆင်ပြေဦးမှာမဟုတ်ဘူး။ "
     " ဟုတ်အဖေ "

Criminal (Completed )Where stories live. Discover now