Unicode
" အစောကြီးတွေ့ဖို့ချိန်းလိုက်ရတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်သခင် "
" မဟုတ်တာပဲ မင်းကငါခိုင်းတာကိုတာဝန်ကျေကျေလုပ်နေတာအားနာစရာမလိုပါဘူး "
" ဟုတ်ကဲ့။ကျွန်တော်အခုသခင်မျှော်လင့်ထားတဲ့အတိုင်း Devil ဂိုဏ်းရဲ့ပထမအဆင့်ဂိုဏ်းသားဖြစ်သွားပါပြီ "
" Jin Wei ကျေးဇူးတင်ပါတယ်ကွာ။ မင်းတာဝန်ကျေခဲ့ပါပြီ။မင်းအတွက်လွယ်ကူခဲ့မှာမဟုတ်ဘူး။အနာတရတွေအများကြီးရခဲ့တယ်မလား "
" ဒီအသက်ကကျွန်တော့်ကိုသခင်ပေးထားခဲ့တာပါ။ သခင့်အတွက်ပေးဆပ်ရတာကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။ ဒုတိယတာဝန်ကိုညွှန်ကြားပေးပါသခင် "
" မင်း... မင်း အဲ့လူနဲ့တွေ့ပြီးပြီလား "
" နောက်တစ်ပတ်တနဂ်နွေနေ့ကျရင်အစည်းအဝေးတစ်ခုရှိပါတယ်သခင်။အဲ့နေ့ကြရင်သူလာပါလိမ့်မယ် "
" ငါအဲ့လူရဲ့မျက်နှာကိုမြင်ချင်တယ်။ မင်းအတွက်မလွယ်မှန်းသိပေမယ့်သူ့အကြောင်းပါရအောင်စုံစမ်းပါ "
" ဟုတ်ကဲ့ပါသခင် "
" မကြာခင်မိုးလင်းလာတော့မယ်။ ဘယ်သူမှမရိပ်မိခင် မင်းသွားပါ "
" ဟုတ်ကဲ့သခင်။ ကျွန်တော့်ကိုခွင့်ပြုပါဦး "
" ကောင်းပြီ။ မင်းကိုယ်မင်းလည်းဂရုစိုက်ပါ။ မင်းအတွက်အန္တရာယ်ရှိလာရင်ချက်ချင်းထွက်လာခဲ့ "
" ဟုတ်ကဲ့ပါသခင် "မနက်ခင်း၏အလှအပကိုဖော်ကြူးကြရာတွင်ငှက်ကလေးများ၏သာယာနာပျော်ဖွယ်တေးသံသာလေးတို့မှာလည်းတစ်ခုအပါအဝင်ပင်
မိမိ၏နံဘေးသို့စမ်းကြည့်ရာအေးစက်နေသောနေရာလွတ်တစ်ခုကိုသာတွေ့လိုက်ရသည်။
အချိန်အားဖြင့် ၇ နာရီခွဲသာရှိသေးသည်။
ဒီကောင်လေးဘယ်အချိန်တည်းကနိုးနေတာလဲ
လေညှင်းများကသယ်ဆောင်လာပေးသောမွှေးကြိုင်လှသည့်ဟင်းလျာအနံ့များကြောင့်အနှီကောင်လေးမနက်စာစားရန်ချက်ပြုတ်နေသည်ကိုသိလိုက်ရသည်။
မျက်နှာသစ်သွားတိုက်ပြုလုပ်ပြီးနောက်သူရှိရာမီးဖိုချောင်လေးသို့ပြေးဆင်းလာသည်။
မီးဖိုချောင်ထဲတွင်အေပရွန်လေးဝတ်ကာချက်ပြုတ်နေသောထိုကောင်လေးကိုအနှောင့်အယှက်ပေးရန်အနားသို့သွားကာအနောက်မှခါးလေးအားသိုင်းဖက်လိုက်သည်။
မိမိရဲ့အထိအတွေ့ကိုခံစားလိုက်ရပြီးနောက်အနောက်ဘက်သို့လှည့်လာကာသူ၏ရင်ခွင်ကြီးထဲမြုပ်နေအောင်ကျွန်တော့်အားပြန်ဖက်လာသည်။
ရင်ခွင်ထဲ၌ရှိနေသောကျွန်တော့်အားနဖူးလေးသို့အနမ်းတစ်ပွင့်ခြွေရင်း
" နိုးပြီလားဘီဘီ "
" အင်း။ မနက်အစောကြီးထပြီးဘာတွေချက်နေတာလဲ Bao "
" ကျောက်ဖရုံဟင်းချိုလုပ်ပေးနေတာဘီဘီအတွက်။ ကျန်တာကတော့အိမ်မှာရှိတာလေးကိုပဲအဆင်ပြေသလိုချက်လိုက်တာ။ညနေမှဈေးသွားဝယ်ကြမယ်နော် "
" အင်း။ လောလောဆယ်တော့ငါ့ကိုလွှတ်ပေးဦးဟင်းချိုဆူနေပြီ "
" ဒီလိုပုံစံလေးနဲ့လည်းချက်လို့ရပါတယ် "
" ငါအရသာရှိတဲ့မနက်စာပဲစားချင်တယ် Bao "
" ဟား...ဟား...ဟား... ကောင်းပါပြီဗျာ "