Chapter (9 )

175 32 1
                                    

Unicode

" သားလေး ZheHan "
     " အဖေ သားအဲ့အမျိုးသမီးကိုမကယ်လိုက်နိုင်ဘူး။သား..သားသာမှားပြီးကောက်ချက်မချမိရင်အဲ့နေရာကိုအချိန်မှီရောက်နိုင်မှာ။သားအမှားကြောင့်လူတစ်ယောက်ဆုံးရှုံးလိုက်ရပြီ "
     " ရဲတစ်ယောက်အနေနဲ့လူမကယ်နိုင်တာ တာဝန်မကျေဘူးဆိုတာမှန်ပေမယ့်ဒါသားအမှားမဟုတ်ပါဘူး။သားနေရာမှာဘယ်သူပဲဖြစ်ဖြစ်ဒီလိုပဲဆုံးဖြတ်ချက်ချမိကြမှာ။သားကြိုးစားခဲ့တာလူတိုင်းသိတယ်။သားတာဝန်ကျေနိုင်သလောက်လုပ်ခဲ့ပါတယ်သားရယ်။သားအမှားမဟုတ်ပါဘူး "
     " သားလူတွေနာကျင်ရမှာမမြင်ချင်လို့ရဲတစ်ယောက်ဖြစ်လာခဲ့တာ။အခုတော့......"
          ထိုနေ့မှစ၍လူငယ်လေး Zhang Zhe Han တစ်ယောက်အလုပ်တွေကိုမနားတမ်းကြိုးစားလာခဲ့သည်။
          မိမိကြောင့်လူတစ်ယောက်ထိခိုက်နစ်နာရမည့်အမှားမျိုးထပ်မံမပြုလုပ်မိစေရန်လည်းအားထုတ်ကြိုးပမ်းခဲ့သည်။
          သို့သော်ယနေ့မှာတော့သူချစ်မြတ်နိုးရသည့်လူတစ်ယောက်ကိုနာကျင်စေမိပြန်ပါသည်။

     " Zhe Han နိုးလာပြီလား "
     " Miles Wei သူ...သူရောဟင်။သူဘာဖြစ်သွားသေးလဲ။ငါသူ့ဆီသွားမယ် "
     " စိတ်အေးအေးထားစမ်း Zhe Han ရာ။ မင်းလည်းဒဏ်ရာတွေရထားတယ်လေ။ပြီးတော့မင်းအခုသွားရင်တောင်သူ့ကိုတွေ့လို့ရဦးမှာမဟုတ်ဘူး "
     " ဘာ။ မင်းဘာကိုဆိုလိုတာလဲ Miles Wei "
     " သူ....."
     " သူဘာဖြစ်လို့လဲ။ Miles Wei ငါ့ကိုပြောပါ။ ငါစိတ်ပူလွန်းလို့ရူးသွားတာမမြင်ချင်ရင်ငါ့ကိုအခုပြောပါ "
     " ကားမှောက်တဲ့အရှိန်ကပြင်းတော့.... ခေါင်းကိုလည်းထိသွားတယ်။နံရိုးလည်းကျိုးသွားတယ်။တစ်ခြားအစိတ်အပိုင်းတွေလည်းအထိနာသွားတယ်။ခွဲစိတ်မှုတော့အောင်မြင်ပါတယ်။ဒါပေမယ့်အခြေအနေကစိုးရိမ်ရသေးလို့ 24 နာရီစောင့်ကြည့်ပြီးမှရိုးရိုးအခန်းကိုပြောင်းလို့ရမယ်တဲ့။ Zhe Han, Zhe Han သတိထားပါဦး "
          ကြားလိုက်ရသောစကားများကြောင့်ခြေထောက်များပင်မခိုင်နိုင်တော့သဖြင့်ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။
          သူငယ်ချင်းဖြစ်သူဆက်ပြောနေပါသောစကားများကိုလည်းမကြားရတော့ပါပေ။
          အသိစိတ်ထဲ၌မိမိ၏အရှေ့တွင်မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါသော်အနှီကောင်လေးမှလွဲတစ်ခြားသောအရာများကိုမသိတော့
          မဟုတ်သေးပါ။ဤအချိန်မှာမိမိပါလဲကျလို့မဖြစ်ပါ။ရှိသမျှအားအင်များကိုစုစည်းကာထိုကောင်လေးရှိရာအရေးပေါ်အခန်းသို့တယိုင်းတယိမ်ဖြင့်ထွက်သွားပါတော့သည်။
     " Zhe Han, Zhe Han "

Criminal (Completed )Where stories live. Discover now