Chapter ( 24 )

131 22 3
                                    

Unicode

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်မှုကအချိန်အတော်ကြာသည်အထိစိုးမိုးထားသည်။ နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်သေနတ်ဖြင့်ချိန်ရွယ်ထားဆဲဖြစ်ကာမည်သူ့ဘက်မှလည်းစကားတစ်ခွန်းပင်မဆိုလာခဲ့။ မကြာခင်မှာပင်မိမိတို့ရှိရာဘက်သို့ခြေလှမ်းကျယ်ကြီးများဖြင့်ပြေးလာသောအသံကိုကြားလိုက်ရသည်နှင့်မိမိကိုတိုင်နောက်သို့ပုန်းကွယ်စေရန်တွန်းထုတ်လိုက်ပြီးဘေးဘက်‌မှကာပေးလာသည်။

" ခေါင်းဆောင်ဟိုဘက်မှာတော့ဘာအရိပ်အယောင်မှမတွေ့ဘူး "

" အင်း။ ဒီဘက်မှာရောပဲ။ ငါတို့ကိုတစ်ယောက်ယောက်ကနောက်ပြောင်လိုက်တာထင်တယ်။ အဖွဲ့တွေအကုန်လုံးကိုပြန်ဆုတ်ခိုင်းလိုက်တော့။ စခန်းရောက်မှတွေ့မယ် "

" ဟုတ်ကဲ့ခေါင်းဆောင် "

လုပ်ဖော်ကိုင်ဖက်ထွက်သွားသည်နှင့် Gong Jun လက်ကိုဆွဲကာခေါင်းမိုးထပ်သို့ခေါ်ဆောင်သွားသည်။

" ငါဟိုတလောကကား Center ကိုသွားရင်းနဲ့ငါ့ကားကိုလာပို့တဲ့သူကအဲ့နေ့တည်းကပြန်မရောက်လာဘူးဆိုတာသိလိုက်ရတယ်။ Bar ကမင်းပိုင်တယ်ဆိုတာရော။ အခုရောဘာလဲ Gong Jun ။ ငါ... ငါမထင်ရက်... "

Gong Jun တစ်ယောက် Zhang Zhe Han အားအံ့ဩမှုနှင့်ငေးကြည့်နေရာကအရှေ့သို့ပြန်လှည့်လိုက်ပြီး

" ကျွန်တော်ကအစ်ကိုရှာနေတဲ့ Savage Group ရဲ့ဂိုဏ်းချုပ်ပါ "

Zhang Zhe Han မှာ ' နားရှိလို့သာကြားရသည်မယုံနိုင်ဘူး ' ဟူသောအမူအရာတို့ဖြင့် Gong Jun အားလှည့်ကြည့်လာသည်။

" မင်းကဘယ်လိုလို့... Gong Jun မင်းငါ့ကိုနောက်နေတာမလား "

" အစ်ကိုလည်းခုနတည်းကရိပ်မိနေလို့ကျွန်တော့်ကိုကာကွယ်ပေးလိုက်တာမဟုတ်ဘူးလား "

" ငါ..... "

Zhang Zhe Han ပြောစရာစကားများပင်ပျောက်ရှလို့သွားရသည်။

" ဘာလို့လဲ Gong Jun ။ ဘာလို့လဲ။ မင်းကဒီလောက်ရိုးသားဖြူစင်တာဘာလို့ဒီလိုမကောင်းတဲ့ဒုစရိုက်အလုပ်တွေကိုလုပ်နေရတာလဲ။ ပြီးတော့မင်းအသက်ကအခုမှငယ်ငယ်လေးပဲရှိသေးတာလေ။ ဘာလို့လဲ။ ပိုက်ဆံလိုလို့လား။ ဒါမှမဟုတ်တစ်ယောက်ယောက်ဆီကခြိမ်းခြောက်ခံထားရလို့လား။ ငါ... ငါကူညီပေးမယ်လေ "

Criminal (Completed )Where stories live. Discover now