Unicode
🎶 Babe,you know what I mean...
I've been wanting you so keen...
မင်းကြိုက်တဲ့ပုံစံမျိုးကိုပြောင်းလဲပေးပါ့မယ်
မင်းအကြိုက်ဆုံးဖြစ်တဲ့ပုံစံမျိုးဖြစ်အောင်နေပါ့မယ်... 🎶" Yo~~~Jun Jun သီချင်းတွေဘာတွေဆိုလို့ဘာပျော်စရာများရှိလို့လဲ "
" ငါ့ယောက္ခထီးကြီးကအလုပ်ကိစ္စနဲ့ (၃) ရက်ခရီးထွက်သွားတယ်။ အဲ့ (၃) ရက်လုံးအစ်ကိုကငါနဲ့လာနေမှာလေ "
" အဲ့ဒါကြောင့်ဒီလိုပုံစံဖြစ်နေတာမထူးဆန်းတော့ပါဘူး။ မင်းလည်းအချစ်နဲ့တွေ့မှအရမ်းပြောင်းလဲလာတယ်သိလား။ အရင်ကတစ်ချိန်လုံးမှုန်ကုပ်ကုပ်နဲ့အခန်းထဲကထွက်တဲ့သူတောင်မဟုတ်ဘူး "
" ဒါတော့မင်းလည်းအချစ်နဲ့တွေ့မှနားလည်လိမ့်မယ် "
" အညှာအတာကင်းမဲ့လိုက်တာ။ ငါကမင်းခိုင်းတာတွေတစ်ချိန်လုံးလိုက်လုပ်နေရတာဘယ်မှာအချစ်နဲ့တွေ့ချိန်ရမှာလဲ "
" မင်းမစွံတာနဲ့ပဲငါ့အပေါ်ပုံချနေတော့မှာလားကိုယ့်လူ "
" ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင် "
" ဟား...ဟား...ဟား... "
" မင်းအခုလိုပျော်ရွှင်နေတာမြင်ရတာငါဝမ်းသာပါတယ်။ (၁၆) နှစ်လုံးလုံးမင်းပင်ပင်ပန်းပန်းဖြတ်သန်းလာခဲ့တာ "
" လာမယ့်တနဂ်နွေကျရင်ငါ့မိဘတွေကိုရက်ရက်စက်စက်သတ်သွားတဲ့လူသတ်သမားကိုငါတွေ့ရတော့မယ်။ လက်စားချေမှုကြီးပြီးသွားရင်ငါအစ်ကိုနဲ့အေးအေးဆေးဆေးပဲဖြတ်သန်းတော့မယ် "
" ရှေ့လျှောက်မင်းဘာပဲလုပ်လုပ်ငါရှိနေပေးမှာပါ "
" ငါယုံပါတယ်။မင်းကငါ့အတွက်အကောင်းဆုံးသူငယ်ချင်းပဲဆိုတာ။ လောလောဆယ်တော့ဆိုင်ကြည့်ပေးထားဦး။ အစ်ကို့ကိုသွားကြိုလိုက်ဦးမယ် "
" အေးပါကွာ။ ဆိုင်လည်းငါပဲအမြဲကြည့်ပေးရတာပါ။ ငါကနာမည်ခံသူဌေးဆိုတာမင်းအစ်ကိုကိုသိအောင်ပြောပြချင်သေးတာ "
" ဟား...ဟား...ဟား... ငါသွားပြီ "
" ဖြန်းးးးးးးးးးး "