Chapter ( 27 )

152 24 1
                                    

Unicode

Zhang Zhe Han လက်ထဲတွင်ကိုင်ဆောင်ထားသောစာရွက်နှင့်သွေးပျက်နေပါသောသူ၏မျက်နှာအနေအထားကြောင့် Zhang Zhou Li နေရာမှာတင်ရပ်တန့်လို့သွားသည်။

" သား "

" ဒီစာရွက်ကဘာလဲအဖေ "

" တစ်ယောက်ယောက်ကစနောက်ပြီးပို့လိုက်တာထင်တယ်။ သားစိတ်ထိခိုက်သွားမှာစိုးလို့အဖေသိမ်းထားလိုက်တာ "

" ဒါဆိုဒီစာရွက်ပေါ်ကအကြောင်းအရာတွေကရောအဖေ "

Zhang Zhe Han ဘောင်းဘီအိတ်ကပ်ထဲမှခေါက်ထည့်လာသောစာရွက်တစ်ရွက်အားထုတ်၍ Zhang Zhou Li ဆီသို့ပေးလိုက်သည်။ စာရွက်ကိုမြင်သည်နှင့် Zhang Zhou Li မျက်နှာအမူအယာမှာထိန်းမထားနိုင်လောက်အောင်ယိုယွင်းသွားသည်။

" ဘယ်သူတွေကဒီလိုနောက်နောက်ပြောင်ပြောင်နဲ့အဓိပ္ပာယ်မရှိလိုက်တာ။ ဒါဘယ်ကရလာတာလဲသား "

" ဘယ်ကရလဲဆိုတာထပ်ဟုတ်လားမဟုတ်ဘူးလားပဲဖြေပေးပါအဖေ "

" အဖေကရဲတစ်ယောက်ဆိုတာသားသိနေတာပဲလေ။ ဘယ်လိုလို့ Devil လိုဒုစရိုက်ဂိုဏ်းကြီးရဲ့ခေါင်းဆောင်ဖြစ်ရမှာလဲသားရဲ့ "

" အဖေဘာလို့ကျွန်တော့်ကိုလိမ်နေတာလဲ။ အရင်တုန်းက Devil နဲ့ပတ်သက်ပြီးမိတဲ့သူမှန်သမျှထောင်ထဲမှာတင်အသက်ပေးသွားရတာအကုန်အဖေ့လက်ချက်တွေချည်းပဲမလား "

" မဟုတ်ဘူးသား "

" ကျွန်တော့်ကိုမလိမ်နဲ့ !!!!!! အကြောင်းအရာတွေအကုန်ကျွန်တော်ဆက်စပ်ကြည့်ပြီးပြီ။ အရင်ကထူးထူးဆန်းဆန်းအဖြေမပေါ်ခဲ့တဲ့ကိစ္စတွေလည်းကျွန်တော်သိပြီးပြီ "

Zhang Zhou Li ဘက်မှမည်သည့်စကားမျှမတုန့်ပြန်လာခဲ့။

တိတ်ဆိတ်ခြင်းသည်ဝန်ခံခြင်းတဲ့။ Zhang Zhe Han ရင်ဘတ်တစ်ခုလုံးဆုတ်ဖြဲထားခံရသလိုနာကျင်နေသည်။

" ဘာလို့လဲအဖေ။ ဘာလို့ဒီအလုပ်ကိုလုပ်ရတာလဲ။ အဖေကကျွန်တော့်အတွက်စံပြတစ်ယောက်ဖြစ်ခဲ့တာ။ ကျွန်တော့်နောက်ကွယ်မှာအဖေဘာတွေလုပ်နေခဲ့တာလဲ "

" စိတ်ကိုအေးအေးထားပါသား။ အဖေပြောတာကိုနားထောင်ပါ "

" စိတ်ကိုအေးအေးထားရမယ်။ ကျွန်တော့်ရင်ထဲမှာအခုဘယ်လောက်တောင်ပူလောင်နေရလဲအဖေသိလား။ ကိုယ့်အဖေမှန်းမသိပဲ Devil ခေါင်းဆောင်ကိုအပူတပြင်းလိုက်စုံစမ်းနေတဲ့ကျွန်တော်ကအရူးလိုပဲပေါ့။ ကျွန်တော်ချစ်တဲ့သူတွေအကုန်လုံးကျွန်တော့်ကိုလိမ်ကြတယ်။ ကျွန်တော်ကပွင့်လင်းသလောက်ကျွန်တော့်အပေါ်လျှို့ဝှက်ချက်တွေထားခဲ့ကြတယ်။ (၂၂) နှစ်လုံးလုံးအဖေလို့ထင်ခဲ့တဲ့သူကလည်းအဖေရင်းမဟုတ်ဘူးတဲ့။ ကျွန်တော်အခုဘယ်လိုစိတ်အေးအေးထားရမလဲအဖေပြောပြပေးပါလား "

Criminal (Completed )Where stories live. Discover now