Chapter ( 22 )

136 22 5
                                    

Unicode

" မနက်ဖြန်ကျရင်ထိုင်ဝမ်ဘက်ကသူဌေးရှင်းနဲ့ပစ္စည်းရောင်းဖို့ရှိတယ်သခင်။ သူဌေးရှင်းကအလုပ်လုပ်တဲ့နေရာမှာအရမ်းတိကျတယ်။ သူသဘောကျတာကိုခံရပြီဆိုရင် Zhang Zhou Li အတွက်အခွင့်အလမ်းတွေအများကြီးရှိလာနိုင်တယ်။ ပစ္စည်းတစ်ဝက်ကိုတော့နေ့လည်မှာရောင်းပြီးသူဌေးရှင်းသဘောကျတယ်ဆိုရင်ကျန်တစ်ဝက်ကိုညနေမှာဆက်ရောင်းဖို့စီစဉ်ထားပါတယ်သခင် "

" မင်းလုပ်ပေးရမှာတစ်ခုပဲရှိတယ်။ ကျန်တာကငါတို့ဘက်ကလူတွေနဲ့လှုပ်ရှားလိုက်မယ် "

" ဟုတ်ကဲ့သခင် "

" မင်းလည်းဂရုစိုက်နေ Jin Wei ။ အဲ့အဘိုးကြီးကသိပ်လည်တာမင်းအန္တရာယ်ကျရောက်လာနိုင်တယ် "

" ဟုတ်ကဲ့သခင်။ ကျွန်တော်သတိထားနေပါ့မယ် "

ခင်ဗျားပျက်စီးတော့မှာပါ Zhang Zhou Li ။ ကျွန်တော်ခင်ဗျားရဲ့ဂုတ်သွေးကိုဖြည်းဖြည်းချင်းစုပ်ယူပြမယ်

ဒေါက်... ဒေါက် ... ဒေါက်

" အဖေဝင်လာလို့ရမလားသား "

" ဟုတ်အဖေ "

" အိပ်တော့မလို့လားသား "

" မအိပ်သေးပါဘူးအဖေ။ ဘာကိစ္စရှိလို့လဲ "

" သားကိုကြည့်ရတာအခုတလောသိပ်မလန်းသလိုပဲ။ ဘာအခက်အခဲတွေရှိနေလဲအဖေ့ကိုပြောလို့ရတယ်နော်သား "

" ဘာမှမရှိပါဘူးအဖေ။ အလုပ်ပင်ပန်း‌လို့ပါ "

" အင်း အဖေတို့ရဲဝန်ထမ်းတွေကအလုပ်မှာစိတ်ရောကိုယ်ပါနှစ်ထားရတော့ပင်ပန်းတာပေါ့။ ကဲပါ။ အဖေသွားတော့မယ်ဒါဆို။ သားနားတော့ "

" ဟုတ်အဖေ "

Zhang Zhou Li ထွက်သွားသည်နှင့်ဖုန်းလေးအားကောက်ကိုင်ကာအလှဆုံးပြုံးနေကြသောကောင်လေးနှစ်ယောက်၏ပုံလေးအားကြည့်ပြီးတစ်ချိန်ကနေ့ရက်များကိုလွမ်းဆွတ်တမ်းတနေမိသည်။

" မင်းမှာငါမသိတဲ့လျှို့ဝှက်ချက်တွေရှိနေလား Bao ။ Dimond ဂိုဏ်းကငါ့ကိုလုပ်ကြံတာမင်းကဘယ်လိုသိနေတာလဲ။ မင်းလိုလူငယ်လေးကဒုစရိုက်ဂိုဏ်းတွေအကြောင်းဘယ်ကနေသိနေတာလဲ။ မင်းဘာတွေလုပ်နေတာလဲ Bao "

Criminal (Completed )Where stories live. Discover now