Unicode
ချိန်းဆိုထားသောနေရာသို့ရောက်ရှိသည့်အခါဂိုဒေါင်အတွင်းဝရုန်းသုန်းကားပြေးဝင်လာသောသူကိုမြင်သည်နှင့် Zhang Zhe Han ပါးစပ်ပိတ်ခံထားရသောကြားကမလာရန်အော်ဟစ်၍ခေါင်းကိုခါရမ်းပြနေသည်။
" ဘီဘီ!! "
Gong Jun အထဲသို့ရောက်သည်နှင့်ဂိုဒေါင်တံခါးမှာပိတ်လို့သွားပြီဖြစ်သည်။ သူအလာကိုစောင့်နေပါသော Zhang Zhou Li မှာအမှောင်ထဲမှထွက်လာပြီး Zhang Zhe Han ၏နားထင်ပေါ်သို့သေနတ်ဖြင့်ချိန်လိုက်သောကြောင့် Gong Jun ၏ခြေလှမ်းတို့မှာရပ်တန့်သွားရသည်။ အပေါ်အကျီအတွင်းအသင့်ပါလာသောသေနတ်ကိုထုတ်ကာ Zhang Zhou Li ဘက်သို့ပြန်၍ချိန်ထားလိုက်သည်။
" မင်းရှေ့ဆက်မတိုးလာနဲ့ Gong Jun "
" ခင်ဗျားသူ့ကိုလက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့!!!! "
" မင်းကသိပ်စိတ်ကြီးတာပဲ။ လွန်ခဲ့တဲ့ (၁၆) နှစ်ကဒီနေရာလေးမှာငါ့ဆီပြေးဝင်လာပြီးမင်းမိဘတွေကိုမသတ်ဖို့အော်ဟစ်နေတဲ့ပုံစံနဲ့တစ်ထေရာတည်းပဲ "
ကြားလိုက်ရသောစကားကြောင့် Zhang Zhe Han ခေါင်းပေါ်သို့မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။ အံ့ဩခြင်းအပြည့်နှင့် Zhang Zhou Li အားမော့ကြည့်လာသည်။
" မင်းကလူမှားထိတာပဲကောင်လေး။ Zhang Zhou Li ဆိုတဲ့ငါကဘာမှမရှိတဲ့လူကနေဒီနေရာအထိရောက်အောင်အခက်အခဲမျိုးစုံကိုရင်ဆိုင်ကျော်ဖြတ်လာခဲ့တာ။ မင်းလိုချာတိတ်တစ်ယောက်ကငါ့ကိုပြိုလဲအောင်လုပ်နိုင်မယ်ထင်နေတာလား။ မင်းကိုယ်မင်းအထင်ကြီးလွန်းတာပဲ "
" ခင်ဗျားဒီနေရာအထိရောက်ဖို့လူပေါင်းများစွာအသက်ကိုချနင်းခဲ့တာပဲ။ ခင်ဗျားကလူလို့တောင်ပြောဖို့မထိုက်တဲ့မကောင်းဆိုးဝါးပဲ "
" မင်းတန်ဖိုးထားရတဲ့မင်းမိဘတွေကိုငါ့လက်နဲ့ပဲအဆုံးသတ်ပေးခဲ့တာလေ။ အခုလည်းမင်းချစ်တဲ့သူတစ်ယောက်ကိုမင်းမျက်စိရှေ့မှာတင်ငါသတ်ပြမယ် "
" ခင်ဗျားကတကယ်ရူးနေတဲ့သူပဲ။ ဘယ်လိုပဲသားအရင်းမဟုတ်ဘူးပြောပြောအစ်ကိုကခင်ဗျားလက်ထဲကြီးပြင်းလာတဲ့သူမဟုတ်ဘူးလား "