Unicode
" သခင်လေးအလုပ်သွားတော့မလို့လား "
" ဟုတ်ကဲ့အန်တီ "
" သခင်လေးအမူးပြေအောင်စွပ်ပြုတ်လုပ်ပေးထားပေးတယ်သောက်သွားပါဦး "
" အဟားးးအန်တီကတကယ်အလိုက်သိတာပဲ ဒါနဲ့အဖေရောအန်တီ "
" သခင်ကြီးကမနက်အစောကြီးထဲကထွက်သွားပြီသခင်လေး "
" ဘာကိစ္စရှိလို့ပါလိမ့် "
" သခင်ကြီးမနက်ကဘာမှမစားပဲထွက်သွားတာထမင်းဘူးလေးယူသွားပေးပါဦးနော်သခင်လေး "
" ဟုတ်အန်တီ "ခွပ်
" အား.....တောင်းပန်ပါတယ်ဂိုဏ်းချုပ်ရယ် ကျွန်တော့်ကိုမသတ်ပါနဲ့ တောင်းပန်ပါတယ် ကျွန်တော်....ကျွန်တော်နောက်ဆိုသေချာဂရုစိုက်ပါ့မယ် "
" ဆုံးရှုံးလိုက်ရတဲ့ပစ္စည်းတန်ဖိုးကဘယ်လောက်ထင်လို့လဲ မင်းခန္ဓာကိုယ်အစိတ်အပိုင်းတွေထုတ်ရောင်းပစ်ရင်တောင်အဲ့တန်ဖိုးကိုမမှီဘူး မင်းအသုံးမကျလို့ဟိုခွေးအဖွဲ့ဖြတ်လုတာခံရတာ ငါမင်းကိုမသတ်သင့်ဘူးလား "
" တောင်းပန်ပါတယ် ကျွန်တော်..ကျွန်တော့်ကိုမသတ်..."
ဒိုင်း
" လာမယ့်စနေကျရင်မူးယစ်ဆေးတစ်ချို့ရောင်းဖို့စီစဥ်ထားတယ် ဂိုဏ်းအသေးလေးဆိုပေမယ့်လည်းဒီလိုထပ်မဖြစ်အောင်ဂရုစိုက်ရမယ် မဟုတ်လို့ကတော့ဒီကောင်နောက်လိုက်သွားရမယ် "
" ဟုတ်ကဲ့ဂိုဏ်းချုပ် "
" Savage group မင်းတို့ကငါ့ကိုရန်လာစတာပဲ ရာရာစစငါ့ဂွင်ကိုဖြတ်လုရဲတယ် "နွေဦးလေပြေရဲ့တိုက်ခတ်မှုတွေနဲ့ပတ်ဝန်းကျင်အလှအပတို့ကမက်မောချင့်စဖွယ်ကောင်းသော်လည်းပဲ Zhang Zhe Han တစ်ယောက်မမက်မောနိုင်
" မနေ့ကဘယ်လောက်တောင်သောက်လိုက်တာလဲ Zhang Zhe Han ရေ ခေါင်းတွေကိုက်လိုက်တာ "
" ရဲမှူးလေး "
" ဟာအဘွား ရေသန့်ဘူးတွေလိုက်ပို့နေတာလား Xilun ရော "
" မြေးလေးနေမကောင်းလို့ဒီနေ့တော့အဘွားပဲလိုက်ပို့နေတာ "
" ပင်ပန်းလိုက်တာအဘွားကလည်းအလေးကြီးကို "
" တွန်းလှည်းနဲ့တွန်းတာပဲရဲမှူးလေးရယ် မလေးပါဘူး "
" ဒါစခန်းကိုပို့ဖို့မလားအဘွား ပေးကျွန်တော်တွန်းသွားမယ် "
" ကျေးဇူးပါကွယ် "
ထိုမြင်ကွင်းလေးကိုပြုံးပြီးလှမ်းကြည့်နေတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတာ Zhang Zhe Han တစ်ယောက်သတိမထားမိခဲ့
ခင်ဗျားကလူအများအတွက်အကျိုးပြုနေတဲ့လူတစ်ယောက်ပဲ ကျွန်တော်နဲ့ခင်ဗျားကမီးနဲ့ရေလိုဆန့်ကျင်ဘက်ပဲ ကျွန်တော်ကခင်ဗျားနဲ့မထိုက်တန်မှာတော့စိုးရိမ်မိပေမယ့်ခင်ဗျားကိုပိုင်ဆိုင်ချင်တယ် ကျွန်တာ်ခင်ဗျားကိုချစ်တယ် Zhang Zhe Han
![](https://img.wattpad.com/cover/270618121-288-k16566.jpg)