Unicode
One Week Later
" အစ်ကိုရှင်းပြတာနားလည်လား Xilun ''
" ဟုတ် Ge။ ကျွန်တော်တစ်ယောက်တည်းကျက်တုန်းက ၂ နာရီလောက်အချိန်ပေးတာတောင်မရဘူး။ "
" ဥပဒေပညာကကျက်နိုင်ရင်ကျက်နိုင်သလောက်ရတယ်ကွ။စာမေးပွဲကလည်းနှစ်ဝက်လောက်လိုသေးတာပဲ။အားမလျှော့နဲ့ကြိုးစား။အစ်ကိုတတ်နိုင်သလောက်ကူညီပေးမယ်။ "
" ဟုတ် Ge ကျေးဇူးတင်ပါတယ် "
" အဲ့ဒါဆိုဆက်လုပ်နှင့်နော်။အစ်ကိုအောက်ခဏဆင်းလိုက်ဦးမယ် "
" ဟုတ် "မီးဖိုချောင်ထဲ၌တစ်ယောက်တည်းအလုပ်ရှုပ်နေသောကျွန်တော့်ကောင်လေးအနားသို့သွားရင်းသူ့ခါးလေးအားအနောက်မှတွယ်ဖက်လိုက်သည်။
" Bao "
"-----"
ကျွန်တော့်စကားအားပြန်မထူးပဲချက်လက်စဟင်းများကိုသာဆက်ချက်နေပါသောအနှီကောင်လေးကျွန်တော့်အားစိတ်ဆိုးနေသည်မှာသေချာသည်ပင်
အကြောင်းအရင်းသည်ကားဤယနေ့တစ်နေကုန်အချိန်ပေးပါ့မယ်ဆိုသည့်ကတိပျက်ခဲ့မိသောကြောင့်ပင်
" ငါ့ကိုစိတ်ဆိုးနေတာလား "
" ------"
ကျွန်တော့်စကားများကိုမကြားချင်ယောင်ဆောင်နေသောထိုကောင်လေးကိုကျွန်တော့်ဘက်သို့လှည့်စေလိုက်သည်။
" မျက်နှာကြီးကလည်းစူပုတ်နေတာပဲ။မင်းငါ့ကိုစိတ်ဆိုးနေတာလားလို့ "
" ဘယ်သူကဒီနေ့တစ်နေလုံးကျွန်တော်နဲ့ date ပါ့မယ်လို့ကတိပေးထားတာလဲ။ပြီးတော့ဘီဘီရောက်လာတည်းကအဲ့ကလေးလေးအနားမှာပဲနေနေတာ။ကျွန်တော့်ကိုဂရုမှမစိုက်တာ "
" အခုငါ့ကိုကလေးနဲ့သဝန်တိုနေတာလား "
" ဒီကမ္ဘာမှာဘီဘီကိုကျွန်တော်ပဲပိုင်ရမယ်။ကလေးမပြောနဲ့ဘီဘီအဖေနဲ့တောင်သဝန်တိုတယ် "
ထိုကောင်လေးသည်ကျွန်တော်နှင့်ပတ်သက်လာလျှင်ကလေးဆန်လွန်းသည်။
ဤအချက်ကလေးကပင်ကျွန်တော်နှလုံးသားကိုအရည်ပျော်စေပါသည်။
သူ့ပါးပြင်လေးအားတစ်ချက်နမ်းရှိုက်လိုက်ရင်း
" နေ့တစ်ဝက်ကိုပြန်အစားပေးတဲ့အနေနဲ့ငါဒီနေ့ဒီမှာညအိပ်မယ်လေ "
" ဘီဘီတကယ်ပြောတာလား "
" အင်း။စိတ်ဆိုးပြေတော့နော် "
" ဟုတ် "
" ငါဘာဝိုင်းကူရမလဲ "
" အားလုံးကျက်သွားပါပြီခင်ဗျာ။ဘီဘီ ဟိုကလေးကိုခေါ်ပြီးဆင်းလာခဲ့လေ။ကျွန်တော်ထမင်းဝိုင်းပြင်ထားလိုက်မယ် "
" အင်း "