Unicode
" ဟိုကောင်လေးမင်းကအသစ်ရောက်လာတယ်ဆိုတာလား "
" ဟုတ်ပါတယ် "
" နာမည်ဘယ်လိုခေါ်လဲ "
" Fang Jin Wei ပါ "
" အေးအခုကမင်းရဲ့ပထမဆုံးတာဝန်ပဲ။ ဂရုစိုက်မှရမယ် မဟုတ်ရင်ငါတို့အကုန်လုံးအသတ်ခံရလိမ့်မယ် "
" ဟုတ်ကဲ့ "
" အကုန်လုံးအဆင်သင့်ဖြစ်ရင်သွားကြမယ်ဟေ့ "" ဒီနေရာသေချာလား Jun Jun "
" အင်း Jin Wei ငါ့ကိုဆက်သွယ်ထားတယ် "
" အဲ့တော့မင်းကဒီနေ့ဘာလုပ်ဖို့စဥ်းစားထားလို့လဲ "
" ဘာမှမလုပ်ပါဘူး။ Jin Wei အဆင်ပြေမပြေလာကြည့်ရုံပဲ "
" ငါတို့ကိုအမှတ်မထင်တွေ့သွားရင်ဘယ်လိုလုပ်မလဲ "
" မင်းရဲ့ဘေးပတ်ပတ်လည်ကိုလည်းကြည့်ပါဦး။ ဒီနေရာကကားဂိုဒေါင်ကြီးလေ။ ငါတို့ကားကိုအထွေအထူးသတိထားမိစရာမရှိပါဘူး ။ "
" အေးဟုတ်သားပဲ "
" ဟိုမှာသူတို့လာကြပြီ "" မင်းတို့ပစ္စည်းရော "
" ရော့ဒီမှာ မှန်မမှန်စစ်ကြည့်လို့ရတယ် "
" Jin Wei ရော့မင်းစစ်လိုက် "
" ဟုတ်ကဲ့ "
" အားလုံးစုံပါတယ် "
" Oki ဒီမှာမင်းတို့ပိုက်ဆံ "
" Oki ပြည့်တယ် "
" ဒါဆိုအရောင်းအဝယ်ပြီးပြီ။ အားလုံးပြန်ကြမယ်။ "
ဒိုင်း
" တစ်ယောက်မှမလှုပ်ကြနဲ့ လှုပ်တာနဲ့ပစ်မယ် "
" ချီးးးးးးးးရဲတွေကွ။ အားလုံးအကာအကွယ်ယူပြီးပစ်ကြ "
ဒိုင်း.....ဒိုင်း......ဒိုင်းZhe Han အစ်ကို။ အစ်ကိုကတစ်ချိန်လုံးဒီအမှုကိုလိုက်နေခဲ့တာလား။
ဒိုင်း....ဒိုင်း....ဒိုင်း
" အကုန်လုံးအနောက်ပေါက်ကနေပြေးကြ "
ဒိုင်း.....ဒိုင်း
" အားးးး "ထွက်ပြေးရန်ကြိုးစားရုန်းကန်နေကြသောလူအများကြား Zhang Zhe Han ၏ပစ်ချက်ကြောင့်ခြေထောက်သို့ထိမှန်ကာလူတစ်ယောက်နေရာတင်လဲကျသွားခဲ့သည်။
အခြားသူများကတော့ကျည်ဆံများကြားကံကောင်းစွာလွတ်မြောက်သွားခဲ့ရသည်။
" ငါတို့ဘယ်လိုလုပ်မလဲ Jun Jun "
" ဒီအတိုင်းပဲဝပ်နေလိုက်။ ဒီအချိန်မှာထွက်ပြေးရင်ငါတို့ပါမလွတ်နိုင်ဘူး။ "