Unicode
တီ...တီ...တီ...
" Hello Bao ရောက်နေပြီလား "
" အာ...ဘီဘီကျွန်တော်ဒီနေ့တစ်နေကုန်သူဌေးကိုအလုပ်ကူလုပ်ပေးရမှာမို့လို့လာမကြိုနိုင်တော့ဘူး။ တောင်းပန်ပါတယ်ဘီဘီ "
" တစ်နေကုန်ဆိုတော့ညနေလည်းမလာနိုင်ဘူးပေါ့ "
" ဟုတ်တယ်ဘီဘီ "
" ဘီဘီ .... Hello "
" ငါကြားပါတယ် "
" စိတ်ဆိုးသွားတာလားဘီဘီ "
" မဟုတ်ပါဘူး "
" ဒါဆိုဒါပဲနော်ဘီဘီ ချစ်တယ် "
" အင်း "
၂၄ နာရီလုံးမိမိအနားကပ်နေချင်သည်ဆိုသော်ထိုကောင်လေးကအလုပ်ကြောင့်မအားဘူးဆိုသည်ကိုသိသော်လည်းစိတ်ထဲတွင်အနည်းငယ်တော့မကျေနပ်မိ" သခင်လေးဒီနေ့ရောမနက်စာမစားသွားဘူးလား "
" စားမယ်အန်တီ "
" သား Zhe Han ဒီနေ့နောက်ကျလို့ပါလား။ အဖေကသွားပြီတောင်ထင်နေတာ "
" ဟုတ်။ညကအိပ်ရာဝင်တာနည်းနည်းနောက်ကျသွားလို့ "
" ဒါနဲ့သားအခုတလောကားမောင်းသွားတာလည်းမတွေ့မိဘူး။ဘာကိစ္စရှိလို့လဲ "
" ဘာကိစ္စမှမရှိပါဘူးအဖေရဲ့ တစ်ခါတစ်လေရှုခင်းလေးကြည့်ရအောင်ပါ "
" ဪ မနက်ဖြန်သားမွေးနေ့နော်။ ဘာလိုချင်လဲငါ့သား။ အဖေကမနက်ဖြန်ပိတ်ရက်မဟုတ်တော့သားနဲ့အတူမရှိပေးနိုင်ပြန်ဘူး "
" အဖေ့အချစ်တွေအကုန်လုံးလုံလုံလောက်လောက်ရထားပြီးပါပြီဗျာ။ ဘာမှမလိုတော့ပါဘူး "
" ဟား...ဟား...ဟား.. ငါ့သားတောင်စကားတွေတတ်လာပြီပဲ "
" အဖေ့သားပဲဒီလောက်တော့ရှိမှာပေါ့ "
" ဟေ...ဟား..ဟား...ဟား... ဟုတ်ပါပြီ ဟုတ်ပါပြီကွာ။ စားစားပြီးရင်အလုပ်သွားကြမယ် "
" ဟုတ် "" သခင် "
" ဟိုလူရော "
" အထဲမှာပါ "
" Jun Jun "
" ကျွန်တော့်ကိုမသတ်ပါနဲ့ဗျာ။ တောင်းပန်ပါတယ် "
တစ်ကိုယ်လုံးသံကြိုးများနှင့်တုပ်နှောင်ခံထားရသောသူ၏အရှေ့တွင်မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်း
" မင်းကငါ့လက်ကလွတ်အောင်ပြေးနိုင်မယ်ထင်လို့လား "
" ကျွန်တော်...ကျွန်တော်တောင်းပန်ပါတယ် "
" မင်းငါ့ကိုပိုက်ဆံဆပ်ဖို့အချိန်ကသတ်မှတ်ထားတဲ့ရက်ထက်ကျော်နေပြီဆိုတာမင်းသိမှာပါ "
" ကျွန်တော်ဒီကြားထဲပြန်ဆပ်ဖို့ပိုက်ဆံလိုက်ရှာနေတာပါ "
" ဒါမင်းကိစ္စပဲလေ။ ငါ့ကိစ္စကစာချုပ်ထဲကသဘောတူထားတဲ့အတိုင်းလုပ်ဖို့ပဲ။မင်းအသက်ကိုစာချုပ်ထဲထည့်ချုပ်ထားတယ်ဆိုတာမင်းမမေ့ပါဘူးနော် "
" ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်ဒီရက်ထဲရအောင်ပြန်ဆပ်ပါ့မယ်။ကျွန်တော့်ကိုမသတ်ပါနဲ့ "
" အို... အတိုးရောအရင်းရောပါပေါင်းလိုက်ရင်မင်းခန္ဓာကိုယ်အစိတ်အပိုင်းတွေရောင်းရင်တောင်မကျေမှာစိုးရတယ်။ Dai Kun "
" အင်း "
" မလုပ်ပါနဲ့...တောင်းပန်ပါတယ်...တောင်းပန်ပါတယ်။ကျွန်တော့်ကိုမသတ်ပါနဲ့။ကျွန်တော် New Yorkကကာစီနိုဝိုင်းကိုကျွန်တော်ပေးပါ့မယ် "
" တန်ကြေးဘယ်လောက်ရှိလို့လဲမင်းပိုင်ဆိုင်မှုက "
" New Yorkမှာတတိယစာရင်းဝင်တဲ့ကာစီနိုဝိုင်းပါ။ အကြွေးတွေအကုန်လုံးကျေပါတယ် "
" မင်းမှာဒီလိုပိုင်ဆိုင်မှုတွေရှိရက်နဲ့ဘာလို့ငါ့ဆီကပိုက်ဆံချေးနေသေးတာလဲ။ မင်းငါ့ကိုလိမ်ဖို့ကြိုးစားနေတာလား "
" ကျွန်တော်တို့ဘိုးဘွားပိုင်အမွေပါ။ တန်ဖိုးထားရတဲ့နေရာလေးမို့လို့ဒုက္ခရောက်နေတာတောင်မထိရက်ခဲ့လို့ပါ "
" မင်းအတွက်ဒီလောက်အဖိုးတန်တဲ့အရာကိုငါ့ပေးမယ်ပေါ့ "
" အသက်တစ်ချောင်းထက်ဘယ်အရာကပိုအရေးကြီးမှာမို့လို့လဲ။ အသက်ရှင်နေသရွေ့အစကကြိုးစားလို့ရတာပဲလေ "
" ကောင်းပြီလေ။ မင်းပြောတာတွေမှန်မမှန်တော့ငါစုံစမ်းရလိမ့်မယ်။ အဲ့အချိန်အထိမင်းကိုဖမ်းချုပ်ထားရမယ်။မင်းကိုလက်ဖျားနဲ့တောင်ထိမှာမဟုတ်လို့စိတ်ချ။ ဒါပေမယ့်မင်းလိမ်နေတာဆိုရင်တော့သေတာထက်ပိုဆိုးတာကိုမင်းကြုံရလိမ့်မယ် "
" သူ့ကိုကောင်းကောင်းစောင့်ကြည့်ထား "
" ဟုတ်ကဲ့ပါသခင် "