Chapter ( 18 )

120 26 3
                                    

Unicode

" ZheHan Ge, ZheHan Ge !! "

" ဟင် "

" နေမကောင်းဘူးလား Ge။ မျက်နှာလည်းမကောင်းဘူး "

" မဟုတ်ပါဘူး။ ဘာလို့လဲစာပြီးပြီလား "

" ဟုတ်။ ပြီးသွားပြီ Ge "

" အင်း။ အဲ့ဒါဆိုပြန်နားလိုက်တော့။ စာကိုမှန်မှန်လုပ်။ နောက် (၃) လနေရင်စာမေးပွဲဖြေရတော့မယ် "

" ဟုတ် Ge။ ကျွန်တော်သွားလိုက်ပါဦးမယ် "

" အင်း "

ဘာ Noti မှတက်မလာသောဖုန်းလေးအားငေးမောကြည့်ရင်းစိတ်အခြေအနေမှာလည်းအဆင်မပြေဖြစ်နေရသည်။

' ကျွန်တော်သူဌေးနဲ့နိုင်ငံခြားကိုအလုပ်ကိစ္စရှိလို့လိုက်သွားတယ်။ အလျင်လိုနေလို့စာပဲပို့လိုက်နိုင်တာတောင်းပန်ပါတယ် ' ဟူသောစာလေးတစ်စောင်သာရောက်ရှိလာပြီးထိုနေ့တည်းကအဆက်အသွယ်မရခဲ့သည်မှာတစ်ပတ်ကြာပြီဖြစ်သည်။

စက်ပိတ်ထားသောဖုန်းလေးအားလည်းအကြိမ်ကြိမ်ခေါ်ဆိုနေမိသည်။

ဆိုင်လိုက်သွားသော်လည်းပိုင်ရှင်များကရောင်းသွားပြီဟူ၍သာသိရသည်။

စိတ်ဓာတ်တို့မှာအောက်ဆုံးသို့ထိုးကျနေလေပြီဖြစ်သည်။

" သား ZheHan တစ်ယောက်တည်းလား GongJun လေးရော "

" သူအလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ်အန်တီ "

" ဪဟုတ်လား။ အေးအေး ခါတိုင်းလိုပဲစားမှာမလား "

" ဟုတ်ကဲ့ "

မိမိနှစ်သက်စွဲမြဲစွာစားလာသောထိုခေါက်ဆွဲမှာယနေ့မှတစ်ခုခုလိုနေသလိုပင်။

ခေါက်ဆွဲ၏အရသာမှာမပြောင်းလဲသွားသော်လည်းမိမိအရှေ့တွင်အမြဲရှိနေပေးသောထိုကောင်လေးကတော့ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

" သား Zhe Han ပြန်လာပြီလား "

" ဟုတ်အဖေ။ သားပင်ပန်းနေလို့တက်နားလိုက်ပါတော့မယ် "

ခန္ဓာကိုယ်တစ်ခုလုံးကိုအိပ်ရာပေါ်သို့ဘုန်းခနဲမြည်အောင်ပစ်ချလိုက်သည်။

Criminal (Completed )Where stories live. Discover now