Unicode
" ကိုကိုဒီမှာကိုကို့အကြိုက်ကြက်ကုန်းဘောင်ကြော်များများထည့်စားနော်။ အခုတလောကိုကို့ကိုကြည့်ရတာအားကိုမရှိဘူး "
" ကောင်းဝမ်ပဲထည့်စားပါ။ ကိုကိုဝပါပြီ "
ကြက်ကုန်းဘောင်ပန်းကန်ထဲမှအနည်းငယ်ခပ်ယူကာကောင်းဝမ်ပန်းကန်ထဲထည့်ပေးလိုက်သော်လည်း Gong Jun ၏အကြည့်နှင့်စိတ်အာရုံအားလုံးမှာရှေ့ကဝိုင်တစ်ခွက်ပြီးတစ်ခွက်ထိုင်သောက်နေသော Zhang Zhe Han ဆီမှာသာဖြစ်သည်။
နောက်တစ်ခွက်သောက်ရန်လက်လှမ်းလိုက်သောသူ၏လက်အားဖမ်းချုပ်တားဆီးချင်စိတ်ကိုမနည်းချိုးနှိမ်နေရသည်။တော်သေးသည်ကမိမိအစားသူ၏သူငယ်ချင်းမှတားဆီးလိုက်သောကြောင့်ဖြစ်သည်။
မျက်နှာလေးချောင်သွားလိုက်တာဘီဘီရယ်။ မသောက်နိုင်ပဲဘာလို့လှိမ့်သောက်နေတာလဲ
" Zhe Han မင်းသောက်တာများနေပြီ။ တော်တော့ "
" ငါ့ကိုလွှတ်စမ်းပါကွာ။ ငါသောက်တာဘယ်လောက်မှမရှိသေးပါဘူး "
" မင်းတစ်နေကုန်လည်းဘာမှမစားထားဘူးမလား။ ဒီလိုနဲ့မင်းတော့ဒုက္ခပဲ Zhe Han ရာ "
" ငါကလေးမဟုတ်တော့ပါဘူး။ ငါ့ကိုစိတ်မပူပါနဲ့ "
သူငယ်ချင်းတားနေသည့်ကြားကနောက်ထပ်တစ်ခွက်မော့လိုက်သည်။
ခင်ဗျားကတကယ်ကိုကလေးဆိုးကြီးပဲဗျာ။ ထပ်မသောက်တော့အောင်ကောက်ပွေ့ပြီးသာခေါ်သွားချင်တော့တယ်
" ကိုကိုဒီသစ်သီးလေးစားကြည့်ချိုနေတာပဲ "
" အင်း "
ရှေ့မှကြည်နူးနေကြသောအတွဲအားမမြင်ချင်တော့သဖြင့် ZhangZheHan တစ်ယောက်မတ်တပ်ထရပ်လိုက်သည်။
" ငါပြန်တော့မယ် Miles Wei "
" ဟမ်။ ဪအေးအေးငါလိုက်ပို့မယ်လေ "
" နေပါစေ။ ငါတစ်ယောက်တည်းပြန်ချင်လို့ "
" မင်းမူးနေပြီ Zhe Han တစ်ယောက်တည်းပြန်လို့ဖြစ်ပါ့မလား "
" ငါအိမ်ကိုတော့ဖြောင့်အောင်ပြန်နိုင်ပါသေးတယ်ကွာ။ ငါသွားပြီ။ တိုင်းမှူးတို့ကိုနှုတ်ဆက်တဲ့အကြောင်းပြောပေးဦး "