ယုံရှင်းအိမ်ကို လက်ချည်း သက်သက် သွားရမှာ အားနာတာကြောင့် အလျင်းသင့်ရာ စူပါမားကတ်တခုဆီ ရိပေါ် ကားကို ဦးတည်လိုက်သည်။
မားကတ်ထဲမှာ အချိုတည်းဖို့ အသီးအနှံတချို့ကို ကြည့်နေရင်း မျက်လုံးက မိမိရှေ့က မျက်နှာချင်းဆိုင် အတန်းမှာ အသီးရွေးနေတဲ့ ကောင်လေးဆီ ရောက်သွားသည်။
ဟင်...ဟိုကောင်လေး...ဟုတ်တယ် ဟိုနေ့က ကျန့်ကော လက်တဲွဲပြီး လျှောက်သွားတဲ့ ကောင်လေး...
ရိပေါ် ရင်တခုလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ ကောင်လေးက သူ့ထက်ငယ်မည့်ပုံ၊ ဒါဆို ကျန့်ကောထက်ဆို ၉ နှစ် ၁၀ နှစ်လောက် ကွာလေမည်လား မသိ။ ပြီးတော့ ကောင်လေးက သိပ်ချမ်းသာတဲ့ ပုံလည်း မဟုတ်ဘူး။
ကျန့်ကော...ခင်ဗျားက ယောကျာ်းဖြစ်ရင် ပြီးရောဆိုပြီး တွဲေနတာလား... တကယ်ဆို ကျွန်တော့်ထက် သာတာမျိုးနဲ့ တဲွဲပြီး... ကျွန်တော့်ကို လှောင်ပြောင်နေရမှာ မဟုတ်ဘူးလား...
ရိပေါ် အလိုမကျစွာ တွေးမိပြန်သည်။ ရှေ့က ကောင်လေးကတော့ ပန်းသီးတချို့ကို ရွေးချယ်ပြီး တွန်းလှည်းလေးထဲထည့်ကာ ထွက်သွားလေသည်။
ရိပေါ် ခြေလှမ်းတို့က ထိုကောင်လေးနောက် အကြောင်းအရင်းမရှိ လိုက်ပါမိသည်။ ငွေရှင်းကောင်တာမှာ တန်းစီတော့ ရိပေါ် ထိုကောင်လေးနောက်မှာ ဝင်တန်းစီ လိုက်သည်။
ငွေရှင်းပြီး ကောင်လေး ထွက်သွားသဖြင့် ရိပေါ် လက်ထဲက ဆွဲမိဆွဲရာ ယူလာတဲ့ အသီးတချို့ကို ကောင်တာမှာ မြန်မြန်ချပေးပြီး ငွေရှင်းဖို့ ပြင်လိုက်သည်။
*ရှင်ယူမှာ ဒါတွေနော်...
*ဟင်...
ထိုအခါမှ ရိပေါ် ကြည့်မိသည်။ သူယူလာတာ ပန်းငရုတ်ပွ ၃ ခု၊ သခွားသီး ၂ တောင့်...
ငင့်...ဘာတွေလား...
*အဲ့... ဟီး...ဟုတ်တယ်... မြန်မြန်လေး တွက်ပေးနော်...
ငွေရှင်းကောင်တာက ကလေးမလေးက မြန်မြန် တွက်ပေးရှာသည်။ ရိပေါ် မျက်လုံးတို့ကတော့ ထွက်သွားတဲ့ ကောင်လေးနောက် ကပ်ပါသွားလေသည်။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed