(Unicode)
ရိပေါ်ကို ခေါ်ပြီး ရှောင်းကျန့်က ကျန်းချန်တို့ ရှိရာ မီးပုံလေးဆီ ပြန်လာခဲ့သည်။
*အဲ့တော့ သူက ဘာ ပြောလိုက်လဲ...သူ့ အခြေအနေကရော စိတ်ဝင်စားပုံ ပေါ်ရဲ့လား...
*အင်း...ပြန်ပြောမယ်တဲ့... ကောင်းမယ် ထင်ပါတယ်...ဒါပေမယ့် အရမ်းကြီးတော့ မမျှော်လင့်နဲ့ပေါ့ကွာ...
*အေးပါကွ...ဘာပဲဖြစ်ဖြစ် ဒီလို ကြားရတော့ အားရှိတာပဲလေ...
ဟိုက်ခွမ်းနဲ့ ကျန်းချန် မနက်ကအကျဥ်းထောင် သွားခဲ့တဲ့ အကြောင်းကို ပြောနေကြသည်။ ရိပေါ်က နားမလည်သဖြင့် ဝင်မေးလေသည်။
*ဘာကို အားရှိတာလဲ ကျန်းချန်ကော...
*မနက်က ဟိုက်ခွမ်းတို့...ကျင်းပေါင်ကို သွားတွေ့ကြတဲ့ အကြောင်း ပြောနေတာ...
*ကျန့်ကော...ပြောတော့ ဆေးရုံကို ဆေးစစ်သွားတာဆို...
ရိပေါ် က ရှောင်းကျန့်ဘက် လှည့်ကာ အော်သည်။ ရှောင်းကျန့်က ရိပေါ်လက်လေးကို မလွတ်တမ်း ဖမ်းဆွဲလိုက်ရင်း...
*ဟိုလေ...ရိပေါ်...အဲ့ဒါက... ဆေးစစ်ပြီးမှ ကော...သွားတာပါ...
*အဲ့နေရာတွေက... ကျန့်ကော သွားသင့်တဲ့နေရာ မဟုတ်ဘူးလေ...ဘာလို့ သွားတာလဲ... နောက်ကို မသွားနဲ့... ဟုတ်ပြီလား...
ရိပေါ် စိတ်ဆိုးမှာ ဆိုးတာကြောင့် ရှောင်းကျန့် ခပ်မြန်မြန် ခေါင်း ငြိမ့်ပြလိုက်သည်။
*ေဩာ်...ဝမ်ရိပေါ်...တော်တော့ တရားကျဖို့ ကောင်းတယ်နော်...အတူတူ သွားတဲ့ ငါအတွက်ကျတော့...မသွားသင့်တဲ့နေရာလို့ မထင်ဘူးပေါ့... ဟုတ်လား...
ဟိုက်ခွမ်းက ရိပေါ်ကို ကြည့်မရတော့ဘူးဆိုတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။
*ဒါတော့... ကျန်းချန်ကော ဆုံးဖြတ်လိမ့်မယ်လေ... ကျွန်တော်က ကျွန်တော် ပိုင်တဲ့သူကိုပဲ ပြောခွင့် ရှိတာကိုး... ဟုတ်ဘူးလား...
ရိပေါ်က ရှောင်းကျန့်ကို အသားထုပ်လေး ခွံကျွေးရင်း ရယ်ကျဲကျဲနဲ့ ပြန်ပြောလိုက်သည်။ ဟိုက်ခွမ်းက မျက်လုံးပြူးပြီး ကျန်းချန်ကို လှည့်ကြည့်သည်။ ကျန်းချန်က ကြင်နာစွာ တုန့်ပြန်ရှာသည်။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed