အပိုင်း ၂၂ (U&Z)

5.4K 316 2
                                        

(Unicode)

*ကဲ...ဝမ်သိ ဘယ်လိုလဲ...ငါပြောထားသလိုပဲ မဟုတ်လား...အစီအစဥ် မပြောင်းတော့ဘူး ဆိုတော့...အခုလာမယ့် project က စပြီး အကောင်အထည် ဖော်လိုက်ရအောင်လေ...

ရုံးခန်းထဲ ဝင် လာ လာခြင်း အစမရှိ ပြောလိုက်တဲ့ ဟန်ဖုန်းရိ စကားကြောင့် ဝမ်သခင်ကြီးက ခေါင်းတငြိမ့်ငြိမ့်နဲ့ ကြည့်နေမိသည်။

*လာ...ဟန်ကော...ထိုင်ပါဦး...
ရှောင်းကျန့်ကို...ငါ့အခန်းကို လာဖို့ ပြောလိုက်ပါ...

ဟန်ဖုန်းရိကို ဖိတ်ခေါ်ရင်း intercon မှ တဆင့် အတွင်းရေးမှူးအား ရှောင်ကျန့်ကိုပါ ခေါ်ခိုင်းလိုက်သည်။

*ရှောင်းကျန့်လား...သူကို ဘာလုပ်ဖို့လဲ ဝမ်သိ...

*လူငယ်တွေရဲ့ အတွေးအမြင်က အရမ်း တိုးတက်လာသလို...အမြင်ရော စဥ်းစားပုံရောက ကျွန်တော်တို့နဲ့ တအားကွာတယ်လေ ဟန်ကော...ဒါကြောင့် အခု ကိစ္စမှာလည်း ရှောင်းကျန့်ရဲ့ အမြင်ကို ကျွန်တော် သဘောကျတယ်... အဲ့ဒါကြောင့် ဟန်ကောကိုလည်း ရှင်းပြ စေချင်လို့ ခေါ်လိုက်တာ...

ဒေါက်...ဒေါက်...ဒေါက်...

*ဝင်ခဲ့ပါ...

စကားသံ ဆုံးသည်နှင့် အခန်းထဲကို ရှောင်းကျန့် ဝင်လာလေသည်။

*လာ အားကျန့်...သားရဲ့ အမြင်နဲ့ လုပ်ချင်တဲ့ ပုံစံကို...ဒီက ဟန်ကောကို ရှင်းပြလိုက်ပါဦး...
ဟန်ကော...အားကျန့်က ကျွန်တော့် မိန်းမရဲ့ သူငယ်ချင်း သားဆိုပေမယ့်...ကျွန်တော့်သားလိုပါပဲ...နောက်ဆို သားဝမ်နဲ့ အတူ ကုမ္ပဏီ ကို ဦးဆောင်ကြမှာပါ... ဒါကြောင့် အားကျန့်က ဒီကုမ္ပဏီကို သူ့စိတ်တိုင်းကျ စီစဥ်ခွင့် ရှိပါတယ်...

ပျက်ယွင်းချင်နေတဲ့ မျက်နှာကို ဟန်ဖုန်းရိက ထိန်းရင်း ရှောင်းကျန့်ကို ပြုံးပြလိုက်​ေလသည်။

ရှောင်းကျန့်ရဲ့ စီစဥ်မှုကြောင့် ဟန်ဖုန်းရိခမျာ လက်ခံထားတဲ့ project များမှ ထင်သလောက် ဝင်ငွေ မရရှိတော့။ ရှောင်းကျန့်ကလည်း project တခုဆီ အတွက် စာချုပ်တခုစီ ချုပ်ဆိုခြင်းဖြင့် ဟန်ဖုန်းရိ လက်အောက်ခံ အဖြစ်မှ လွတ်ကင်းအောင် စီမံလေသည်။

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now