(Unicode)
ရိပေါ် တို့ ကမ်းနားသွားတဲ့လမ်းမှာ စစ်ကျွေး သူငယ်ချင်း ကျင်းလင်ကိုပါ ဝင်ခေါ်ခဲ့ပြီးမှ ထွက်လာခဲ့ကြသည်။ ကားလေးကို ကမ်းနားဘက်ဆီ ချိုးကွေ့ပြီး ကားပါကင်မှာ ရပ်လိုက်သည်။ ထို့နောက် ရှောင်းကျန့်ကို ကားပေါ်မှ ဆင်းရန် ရိပေါ်က တွဲကူေလသည်။
*စစ်ကျွေး...ကောတို့ အရင်သွားနှင့်ပြီနော်...ဘယ်ဘက်ခြမ်း အစွန်ဆုံး ခုံတန်းကို လာခဲ့ သိလား...
ရိပေါ်က ကျန့်ကောလက်ကို ဆွဲရင်း စစ်ကျွေးတို့ကို ပြောလိုက်သည်။ ထို့နောက် နှစ်ယောက်သား အေးအေးချမ်းချမ်းပင် ကမ်းနားဆီ ထွက်သွားလေသည်။
*လူများနေတာလား...ကင်း...
*အင်း...နည်းနည်းပါ...ဘာလို့လဲ ကျန့်ကော...
*အဟင်း...ဘယ်ဘက်အစွန်ဆုံးခုံတန်း လို့ ကြားလိုက်လို့ပါ...
ရိပေါ်က ကျန့်ကောခါးကို ဖက်လိုက်ရင်း ရင်ခွင်ထဲ ရောက်အောင် ဆွဲလိုက်ကာ ဆက်ပြီး လျှောက်လာခဲ့သည်။
*အဲ့ဒါ...ကျွန်တော် စိတ်ပင်ပန်းတိုင်း...သွားထိုင်နေကျ နေရာလေးလေ... လူတွေနဲ့လည်း ဝေးတယ်...စိတ်ငြိမ်တယ်...အဲ့နေရာက ကြည့်ရင် မြစ်တဖက်ခြမ်းမှာ ထွန်းထားတဲ့ မီးရောင်တွေက အရမ်းလှတာ...ကျန့်ကောကို ကြည့်စေချင်သေးတယ်...
ခြေလှမ်းကျဲတဲ့ သူတွေမို့ သိပ်မကြာခင်ပဲ ရိပေါ် ပြောတဲ့ နေရာလေးဆီ ရောက်ခဲ့သည်။
*လာ...ဒီမှာထိုင်...
ရှောင်းကျန့်က ရိပေါ် ဆွဲခေါ်ရာ နေရာလေးမှာ ထိုင်လိုက်သည်။ သို့သော်.....
*ဒီနေရာက ထိုင်ခုံမရှိဘူးပဲ ကင်းရဲ့...
*အင်း...ဒါ ကျွန်တော် ထိုင်နေကျ ရေတား ကျောက်တုံးတွေ ထားတဲ့ နေရာလေ... အစွန်ဆုံး ထိုင်ခုံနဲ့ နည်းနည်းတော့ ဝေးတယ်...
*ေဩာ်...
ရှောင်းကျန့် ဘာမှ ထပ်မပြောတော့ပဲ ငြိမ်ြငိမ်လေး ထိုင်နေသည်။ ရိပေါ် က အနည်းငယ်မြင့်တဲ့ နေရာမှာ ထိုင်လိုက်ပြီး ကျန့်ကောကို ရင်ခွင်ထဲထည့်ကာ မီှခိုင်း လိုက်သည်။ ညလေးအေးကြောင့် ကျန့်ကော ခန္ဓာကိုယ်လေးက အေးစက်နေပြန်သည်။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed