(Unicode)
ရိပေါ် ဖြေးညင်းစွာနဲ့ ကျန့်ကော အခန်းထဲ ဝင်ခဲ့သည်။ ကျန့်ကောကတော့ အိပ်ရာပေါ်မှာ ငြိမ်သက်စွာ အိပ်မောကျနေသည်။ ညမီးလုံးရဲ့ အလင်းရောင် မှိန်မှိန်အောက်မှာ ကျန့်ကော မျက်နှာ ဖြူနုနုက အပြစ်ကင်းနေပြန်သည်။
တကယ်ဆို...ကျန့်ကောထက်အရင်...ကျန့်ကောကို ဘယ်သူကိုမှ မပေးချင်လောက်အောင် ကျွန်တော်က တွန့်တိုခဲ့တာ... အနားက ထွက်မသွားစေချင်ခဲ့တာ...ကျန့်ကောထက်အရင် ကျန့်ကောအပေါ် ကျွန်တော်က...
ရိပေါ် မျက်ဝန်းထဲမှာ မျက်ရည်များနဲ့ ပြည့်နှက်နေသည်။ သူ့ လက်ချောင်းလေးများနဲ့ ကျန့်ကော မျက်နှာကို ဖွဖွလေး တို့ ထိကြည့်နေသည်။
*အင်း...ကင်းလား...
*ဟုတ်...
တိုတိုတိတိဖြေပေမယ့် ရှိုက်သံနဲ့ အဖျားခတ်နေတဲ့ သူ့အသံက ဖုံးကွယ်မရခဲ့။
*ကင်း... ငိုနေတာလား...
အိပ်ရာမှ လူးလဲထကာ သူရှိရာ လှမ်းဆွဲတဲ့ ကျန့်ကော ရင်ခွင်ထဲ သူ ကလေးတယောက်လို ခိုဝင်မိသည်။
*ကျွန်တော့်ကြောင့်...ကော နိုးသွားတာလား...ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်...ကျွန်တော် ဆိုးတယ်မဟုတ်လား...ကျွန်တော့်ကို ထပ်ပြီး မစွန့်ပစ်ပါနဲ့နော်...
*အေးပါ အေးပါ...ကောဘာသာ နိုးလာတာပါ...ကင်းကြောင့် မဟုတ်ပါဘူး...ကင်းကိုလည်း မစွန့်ပစ်ပါဘူး ကင်းရယ်...ကော အနားမှာ အမြဲ ထားမှာပါ...ဒါနဲ့ ဘာဖြစ်လာတာလဲ ကင်းရယ်... ေကာကို ပြောပြပါလား...
*ဟင့်အင်း...ဒီလိုလေးပဲ...ဒီအတိုင်းလေး ကော ရင်ခွင်ထဲ ေနလို့ရမလား ဟင်...ဒါပေမယ့် ကော ညောင်းနေမှာလည်း စိုးတယ်...
သူ့ခေါင်းလေးကို ဖွဖွပွတ်ပေးရင်း ကျန့်ကောက ပြုံးသည်။ ထို့နောက် သူ့ကို ရင်ခွင်ထဲက လွှတ်ကာ အိပ်ရာပေါ် လှဲလိုက်သည်။ ပြီးနောက် လက်မောင်းတဖက်ကို ဆန့်တန်းလိုက်ပြီး ပုတ်ပြသည်။
*လာ...ဒီမှာ ကော လက်မောင်းပေါ် လာအိပ်...ကော ဖက်ထားပေးမယ်...
ရိပေါ် မျက်ရည်ကျမိသည်။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed