အပိုင်း ၇ (U&Z)

7K 408 2
                                        

(Unicode)

ရှောင်းကျန့် ဒဏ်ရာကို ဆေးထည့်ပေးပြီး ဆေးသေတ္တာကို ရိပေါ် သေချာပြန်ထည့်ကာ ပိတ်လိုက်သည်။

*ရှောင်းကောက ခြေထောက်နာနေတာ park ထဲမှာ လမ်းလျှောက်နိုင်ပမလား...

ရိပေါ် ပူပန်စွာမေးတော့ ရှောင်းကျန့်က ခပ်ဖွဖွရယ်သည်။

*ပုံမှန်ဆို ကောက လမ်းနည်းနည်းပဲ လျှောက်ပြီး...စစ်ကျွေးပြန်အလာကို ခုံတန်းလေးမှ ထိုင်စောင့်တာပါပဲ...

*ဒါနဲ့များ ကောရယ်...ဘာလို့ သွားနေသေးလဲ...

*စစ်ကျွေးက ခြံထဲနဲ့ စျေး... ဒါပဲ သွားနေရတာလေ...တခါတလေ ဝန်းကျင်အပြောင်းအလဲ ဖြစ်အောင်ပေါ့...ကောကတော့ ဘာမှ မှ မမြင်ရတာ...ကိစ္စမရှိပါဘူး...

ရိပေါ် ငိုင်ကျသွားသည်။ စစ်ကျွေးလို အနားမှာ ပြုစုပေးဖို့ ခေါ်ထားတဲ့ သူအပေါ်တောင် ကျန့်ကော ဒီလောက် အလိုက်သိတတ်ရင်.....

*ရှောင်းကော...ကျွန်တော် ပြီးပြီ...ကင်းကော ခဏနော် ကျွန်တော် ကားသွားထုတ်လိုက်ဦးမယ်...

ဧည့်ခန်းထဲ ဝင်လာရင်း ပြောလိုက်တဲ့ စစ်ကျွေး စကားကြောင့် ရိပေါ် အတွေးစတို့ ရပ်လိုက်သည်။

*ဘာလို့ ကားယူနေမှာလဲ စစ်ကျွေးရယ်...ကောတို့ ၃ ယောက်ထဲ မဟုတ်လား...ကောကားနဲ့ပဲ သွားတာပေါ့...ဆီခြွေတာရေးလေ...

*အာ...အဲ့လို လုပ်လို့ရလား... ရှောင်းကော ကျွန်တော်တို့ ကင်းကော ကားနဲ့ပဲ သွားလိုက် ကြမယ်နော်...

*အားနာဖို့ကောင်းတယ်... နောက်တခေါက်ကျ ကောတို့ ကားနဲ့ သွားရအောင်နော် ကင်း...

စစ်ကျွေးပြောတော​့ ရှောင်းကျန့်က အားနာစကားဆိုသည်။

*မရပါဘူး...ကျွန်တော့်ကားနဲ့ပဲ သွားရမယ်...ကျွန်တော်က ဧည့်သည်မို့ ရေှာင်းကောက အလိုလိုက်ရမယ် မဟုတ်လား...

*ဟား...ဟား...ဟား...ကင်းကောက အပြောကောင်းတယ်...ကျွန်တော် ကားထဲ ပစ္စည်း တွေ သွားထည့်လိုက်မယ်...

စစ်ကျွေး ပစ္စည်း များနဲ့ ထွက်သွားတာမို့ ရိပေါ်က ရှောင်းကျန့်ကို တွဲထူကာ နောက်မှ လိုက်ခဲ့လေသည်။

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now