အပိုင်း ၂၅ (U&Z)

5.6K 313 4
                                        

(Unicode)

*ဝမ်ရိပေါ်...

ရုံးခန်းထဲ ဝင်လာ လာခြင်း မိမိအား အော်လိုက်သဖြင့် ရိပေါ် အလန့်တကြားဖြင့် ကြည့်လိုက်သည်။

*ကျန်းချန်ကော...
ဘာ...ဘာဖြစ်လာတာလဲ...

*မင်း...ဘာလုပ်ထားလဲ...မင်းသိမှာပေါ့...

*ကျွန်တော်က...

ရိပေါ်ရဲ့ကြောင်တောင်တောင် အကြည့်ကြောင့် ကျန်းချန် ကိုယ်ရှိန်သတ်ခါ သက်ပြင်းချလိုက်သည်။

*ဝမ်ရိပေါ်...ငါ မင်းကို စဥ်းစားဉာဏ် ရှိမယ် ထင်ခဲ့တာ... တကယ်တော့မှားတယ်...မင်းက တကယ့် ငတံုးကောင်ပဲ... တော်သေးတယ်...
ရှောင်းကျန့်...မင်းကို စိတ်ကုန်ပြီး...ကင်းနဲ့ လက်တွဲသွားလို့...

ဟင်...ဘာကြီးလဲ ကောရယ်... ကင်းက ကျွန်တော်ပဲလေ...ဗြဲ...

*မဟုတ်သေးဘူးလေ ေကာရယ်...စကားကို ရှင်းအောင်ပြောပါ...ခုက ဘာဖြစ်လာတာလဲ...

*အေး...မင်းရဲ့မိချောင်းမသမီး...ဟန်ယုံရှင်းက ငါ့ဆီ လာပြီး ပြောသွားတယ်...သူနဲ့မင်း စေ့စပ်တော့မှာ နှစ်ကုန်ရင် လက်ထပ်တော့မယ်တဲ့...အဲ့ဒါ ရှောင်းကျန့်ကို ဝင်မနှောက်ယှက်အောင် ကြိုပြီး ပြောထား​ပေးပါတဲ့...
ငါကလည်း ပြန်ပြောလိုက်ပါတယ်...ငါတို့ သူငယ်ချင်း​က နင့်ရဲ့ အူကြောင်ကြောင် ဝမ်ရိပေါ် လိုကောင်ကို မေ့ထားတာ ကြာပြီ...စိတ်မဝင်စားတော့ဘူးလို့...

*ဗျာ...ယုံရှင်းက အဲ့လို ပြောသွားတယ်...

*​အေး...
ဒီမှာ ရိပေါ်...မင်းကို ရှောင်းကျန့်နဲ့ မပတ်သတ်ရင်တောင်... ငါတို့က ညီတယောက်လို သဘောထားတာ မင်းသိမှာပါ...

ကျန်းချန်က ရိပေါ် ပုခုံးကို ပုတ်ပြီး ပြောသည်။ ရိပေါ်က ခေါင်းငြိမ့် ပြလိုက်သည်။

*အခုက မင်းကို အသုံးချဖို​့ ပြင်ထားတဲ့ ဟန်ဖုန်းရိ ရဲ့ လက်အောက်ကို ဝင်သွားမှာတော​့ ငါ ကြည့်မနေနိုင်ဘူး... ရှောင်းကျန့် သိရင်လည်း သေချာပေါက် ငါ့ကို ပြောမှာပဲ...မင်းကို တားပေးဖို့...

ရိပေါ် သက်ပြင်းချကာ ကျန်းချန်ကို ကြည့်လိုက်သည်။

*ဟင်း...ပြောပါဦး ကျွန်တော်က ဘာကြောင့် ယုံရှင်းကို လက်မထပ်သင့်တာလဲ...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now