အပိုင်း ၃၆ (U&Z)

5.1K 271 12
                                        

(Unicode)

ဟန်ယုံရှင်း ပြန်သွားသည်နှင့် ရိပေါ် စိတ်ထဲ ပူပန်မှုနဲ့အတူ ထိတ်လန့်နေမိသည်။

အခုလောက်ဆို... ဟန်ဖုန်းရိလည်း သိလောက်ပြီပေါ့...
ဒါဆို ကျန့်ကောကို...

ပူနေတဲ့ ရင်ကို ရိပေါ် မထိန်းနိုင်တော့ ရုံးခန်းထဲမှ ထွက်ကာ ကျန်းချန်ကို ဝင်ပြောပြီး ရုံးဆင်းခဲ့သည်။

❣ ❣❣ ❣❣❣

*ကျန့်ကော...ကျန့်ကော...

အိမ်ထဲ ဝင်လိုက်တာနဲ့ ရှောင်းကျန့်ကို တကြော်ကြော် ခေါ်ကာ လိုက်ရှာတော့သည်။

*ကင်းကော...ဘာဖြစ်လာတာလဲ...ရှောင်းကောက နောက်ဖက် ခြံဝန်းထဲမှာ...ကျွန်တော် ဟင်းချက်နေတုန်း ညှော်မှာစိုးလို့...

မီးဖိုချောင်မှ စစ်ကျွေးက ပြန်အော်ပြောလေသည်။

နောက်ဖက်ခြံဝန်း...
ကျန့်ကော တယောက်ထဲ...

ရိပေါ် စိတ်ထဲ ထိတ်လန့်ကာ နောက်ဘက်ခြံဝန်းဆီ ပြေးထွက်ခဲ့သည်။

*ကျန့်ကော...ကျန့်ကော...

မြက်သက်ကယ်မိုး နားနေဆောင်လေးထဲမှ ရှောင်းကျန့်က ရိပေါ် ရဲ့ အလောတ​ကြီး အသံကြောင့် ထိုင်ရာမှ ထ ရပ်ကာ အသံလာရာဘက်လှည့် လိုက်သည်။

*ကျန့်ကော...

ရုတ်တရက် အရှိန်ဖြင့် ပြေးဖက်ခြင်းခံလိုက်ရတဲ့ ရှောင်းကျန့် ခန္ဓာကိုယ်မှာ တောင့်တောင့် မတ်မတ်လေး ဖြစ်သွားရသည်။ တကိုယ်လုံး လှုပ်မရအောင် တင်းတင်းကြပ်ကြပ် ဖက်ထားတာမို့ ရှောင်းကျန့်သက်ပြင်း ချလိုက်သည်။

*ဟင်း...
ဘာဖြစ်လာ​ပြန် တာလဲ ရိပေါ်... ဟင်...ကောကို ပြောပါဦး...

မိမိမေးတာကို ပြန်မဖြေပဲ ငြိမ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်လည်း ငြိမ်နေပေးလိုက်သည်။ ခဏကြာမှ.....

*ကျန့်ကော...အခုရက်ပိုင်း ဝမ်စံအိမ်မှာ သွားနေပါလားဟင်...

*ဘာလို့လဲ ရိပေါ်...အကြောင်း တခုခုရှိလို့လား...

*ကျွန်တော် ဟန်ဖုန်းရိ ကို သံသယတရားခံအဖြစ် တင်ထားတယ်...သူ ငြိမ်နေမှာ မဟုတ်ဘူး... သေချာပေါက် တခုခုလုပ်လိမ့်မယ်...သူ ကျန့်ကောကို အန္တရာယ် ပေးမှာ ကျွန်တော် ကြောက်တယ်...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now