(Unicode)
ဒီနေ့ သောကြာ.....
ရိပေါ် တယောက် မနက်ထဲက တက်ကြွတဲ့ ကြက်ဖ..... လက်လက်တွေထနေတာ ရုံးထဲမှာ အငြိမ်မနေနိုင်ဘူး။
*ဒီနေ့ စောစော ပြန်မှာနော်...နေ့လည်ဘက် schedule တွေ meeting တွေ တတ်နိုင်သမျှ ဖျက်ထားပြီး...နောက်တပတ်ကို ရွေ့မယ်နော်...
*ဟုတ် MD...
အတွင်းရေးမှူးမလေးက note book လေးနဲ့ အလုပ်ရှုပ်နေပြန်သည်။ရိပေါ် အခန်းထဲ ပြန်ဝင်ကာ လုပ်လက်စတွေကို လက်စသတ်ဖို့ ပြင်နေသည်။ ၅ နာရီ ဆိုတာနဲ့ အပြေးပြန်ဖို့ အဆင်သင့်ပဲ.....
*ဟဲလို ရိပေါ်...
*ကျန်းချန်ကော...လာလေ...
*အံမာ...ဒါက ဘာအချိုးလဲ...
ဟေ့ကောင်... ခုမှ ၃ နာရီခွဲပဲ ရှိသေးတာနော်...ပြန်ဖို့ ချောင်းနေပြီလား...
ရိပေါ် ဘေးလွယ်အိတ်ထဲ စာရွက်စာတမ်းများ ထည့်နေသည်ကို မြင်ပြီး ကျန်းချန်က အော်လေသည်။
*အာ...မဟုတ်ပါဘူး ကောရယ်...ဒါေတွက နောက်တပတ်အတွက် ပါဗျာ...ကောကလည်း...
နေပါဦး...အခု ကျွန်တော့်ကို စိတ်ကောက် ပြေသွားပြီလား...
*ငါက...စိတ်ကောက်တယ်... မင်းကို...
ကျန်းချန်က အူကြောင်ကြောင်နဲ့ ပြန်ဖြေလေသည်။
*ဟုတ်တယ်လေ...ဟိုနေ့က ကော်ဖီဆိုင်မှာတွေ့ပြီးထဲက... ဒီနေ့အထိ ကောမှ ကျွန်တော့်ကို စကားမပြောတာ...
*အင်...အေးကွာ...ဟုတ်တယ်...ဒါပေမယ့် နောက်ဆို... ငါ...မင်းဘာလုပ်လုပ် စိတ်မကောက်တော့ဘူး...စိတ်လည်း မဆိုးတော့ဘူး... တကယ် ပြောတာ...
အမှန်က ဒီလိုကွ...ငါ့သူငယ်ချင်း ရှောင်းကျန့်က မင်းကို သိပ်ဂရုစိုက်ပြီး...မင်းက သူ့ကို ပြန်ဂရုမစိုက်တော့... ငါက သူငယ်ချင်းအတွက် စိတ်တိုတာ...အလိုမကျတာပေါ့ကွာ... ခုကတော့ အဲ့လို ဖြစ်စရာ မလိုတော့ဘူး...
*ဘာလဲ ဟိုက်ခွမ်းကောနဲ့ ကောက အဆင်ပြေသွားလို့လား...
ရိပေါ်ရဲ့ ရုတ်တရက်အမေးကြောင့် ကျန်းချန်က မျက်လုံးပြူးကာ ကဗျာကယာ လက်ကာပြသည်။
*ဘယ်ကသာကွာ...မဟုတ်ရပါဘူး...အဲ့ကောင်က ငါ့ကို တည်တည် တံ့တံ့ ပြောတာမှ မဟုတ်တာ...အဆင်ပြေမလား...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed