(Unicode)
အဟင်း...ဟင်း...
ညည်းသံ သဲ့သဲ့ကြောင့် ရိပေါ် လန့် နိုးလာခဲ့သည်။ မျက်လုံးအဖွင့်မှာ ပြတင်းပေါက်မှ ဝင်လာတဲ့ အလင်းရောင်ကို မြင်လိုက်ရသည်။
*အာ...မိုးတောင် လင်းနေပြီပဲ...
မိမိ လက်မောင်းကို ခေါင်းအုံးကာ ကျောပေးအိပ်နေတဲ့ ကျန့်ကောကို ရိပေါ် အုပ်မိုး ကြည့်လိုက်သည်။ ချွေးစို့နေတဲ့ နှာဖူးပြင်ကို ဖြည်းညင်းစွာ သုတ်ပေးလိုက်သည်။
*ဟင်...ကျန့်ကော ကိုယ်ပူနေတာပဲ...ဖျားပြီထင်တယ်...
ညက ရေပတ်ဝတ်ယူကာ သူ အိပ်ခန်းထဲ ပြန်ဝင်တော့ ကုတင်ဘောင်ကို မီကာ အိပ်ပျော်နေပြီ ဖြစ်တဲ့ ကျန့်ကောကို တွေ့လိုက်ရသည်။ မနှိုးရက်တာကြောင့် မျက်နှာ ခြေလက်တို့ကိုသာ ရေပတ်တိုက်ပေးပြီး ဆေးတော့ မတိုက်လိုက်ရ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ ကောင်လေးက တနေ့လုံး စိတ်ပင်ပန်းထားသမျှ အခုမှ အေးချမ်းသွားသလို အပူအပင်ကင်းစွာ အိပ်ပျော်နေသည် မဟုတ်ပါလား။ မနိှုးရက်လို့ ထားခဲ့ကာမှ အခုတော့ ပိုဆိုးနေသည်။
အင်း...ဒဏ်ရာကြောင့် ဖျားပြီ...
ကျန့်ကောရဲ့ပတ်တီးဖြူလေး စည်းထားတဲ့ လက်လေးကို ရိပေါ် ကြင်နာစွာ ဆုပ်ကိုင်လိုက်သည်။
အ...
ခပ်တိုးတိုး ညည်းသံနဲ့အတူ သူ့ဘက်ကို လှည့်လာတဲ့ ကျန့်ကောကို ရိပေါ် မြတ်နိုးစွာကြည့်ရင်း ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးနေမိသည်။
*နိုးနေပြီလား...ရိပေါ်...
အခန်းထဲ ဝင်လာရင်း ေမးတဲ့ ဟိုက်ခွမ်းကို ရိပေါ်က ခေါင်းငြိမ့်ပြလိုက်သည်။
*ရှောင်းကျန့် ဘယ်လိုနေလဲ... အင်း...ကြည့်ရတာတော့... ဖျားေနပြီလား...
*အင်း...
ရိပေါ်က ရှုံမဲ့မဲ့လေး နဲ့ ခေါင်းငြိမ့်ပြသည်။
*ညက မင်းလည်း ရှောင်းကျန့်ကို ဆေးမတိုက်လိုက်ဘူး မဟုတ်လား...ကောင်းတယ်... အခုတော့ ဖျားပြီ...နောက်ဆေးတမျိုး ပြောင်းပေးရတော့မှာပေါ့...
![](https://img.wattpad.com/cover/273660059-288-k722802.jpg)
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed