အပိုင်း ၂၀ (U&Z)

6.3K 354 6
                                        

(Unicode)

ကျန်းချန်တို့ စားပွဲဆီ ယုံရှင်း ရောက်လာခဲ့သည်။ ရိပေါ်ကို စိတ်ဆိုးနေဆဲ ကျန်းချန်က ယုံရှင်းကို ဘုကြည့် ကြည့်​ေလသည်။ ဟိုက်ခွမ်းကတော့ သူနဲ့ မဆိုင်သလို အေးအေး သက်သာ ကော်ဖီ ဆက်သောက် နေသည်။

*ကျန်းချန်ကော...ဝမ်က ရေးကြီး သုတ်ပြာနဲ့ ဘယ်ကို ထွက်သွားတာလဲ...

*ဘယ်သိမလဲ...သိချင် လိုက်မေးပေါ့...နင်လည်း တွေ့လိုက်တာပဲကို...

ယုံရှင်း မေးသည်ကို ကျန်းချန်က ဘုဆတ်ဆတ် ပြန်ဖြေသည်။ ဟိုက်ခွမ်းကတော့ မသိလိုက် မသိဘာသာပင်။

*ယုံရှင်း ကိုလည်း ဘာမှ ပြောမသွားလို့ပေါ့...ဒီအတိုင်း အရေးကြီးလို့ လို့ပဲ ပြောသွားတာလေ...ကျန်းချန်ကောတို့နဲ့ ထိုင်နေတုန်း ထ ထွက်သွားတာ မို့လို့ မေးကြည့်တာပါ...
ဒါနဲ့...နောက်ကောင်မလေး ဆီကို သွားတာများလား...

ယုံရှင်းက မျက်လုံးလေး ပြူးကာ အလစ်အငိုက် မေးရင်း စားပွဲမှာ ဝင်ထိုင်လေသည်။ ကျန်းချန်က စိတ်ရှုပ်သလို လှမ်းကြည့်လေသည်။

*ငါပြောပြီးသားနော် ဟန်ယုံရှင်း...နင်သိချင်ရင် နင့်ဘာသာ ရိပေါ်ကို လိုက်မေး...ငါကတော့ ဘာမှမသိဘူး...အေး...သိရင်လည်း...ပြော...မ...ပြ...ဘူး... ဒါပဲ...

ပြောပြောဆိုဆိုနဲ့ ကျန်းချန်က စားပွဲမှ ထ ရပ်လိုက်သည်။

*ဟိုက်ခွမ်း...မြန်မြန် သောက်... ငါ ရုံးချိန် နီးနေပြီ...သူများတွေလို အားအားယားယား ၁၀၉ ၁၁၀ မဟုတ်ဘူး...အလုပ်နဲ့ အကိုင်နဲ့...အချိန် ဖြုန်းမနေနိုင်ဘူး...သွားစို့...

*အိုကေ...

ကျန်းချန် စကားဆုံးသည်နှင့် ဟိုက်ခွမ်းလည်း လက်ဖျစ်တချက်တီးကာ သောက်လက်စ ကော်ဖီကို လက်စသတ်ပြီး ထရပ်လိုက်လေတော့သည်။

*သွားခွင့်ပြုပါဦး မစ္စစ် ဟန်ယုံရှင်း...

ဟိုက်ခွမ်းက ယုံရှင်းကို ခပ်ပြုံးပြုံး နှုတ်ဆက်ပြီး ကျန်းချန်နောက်ကို ​ခြေလှမ်းကျဲများနဲ့ လိုက်ပါ သွားလေသည်။

ယုံရှင်း တယောက်သာ စားပွဲမှာ ယောင်လည်လည်နဲ့ ကျန်ခဲ့လေတော့သည်။

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now