အပိုင်း ၂၉ (U&Z)

4.5K 293 2
                                    

(Unicode)

တင်းတောင်.....

လူခေါ် ခေါင်းလောင်းသံကြောင့် ဟိုက်ခွမ်း အိမ်ရှေ့ထွက်ကာ တံခါးဖွင့်လိုက်သည်။

*ဟ... ရိပေါ် အစောကြီးပါလား...ဒီရက်တွေ ပျောက်လှချည်လား...အလုပ်ရှုပ်နေတာပေါ့...ရှောင်းကျန့်ကိုရော မင်းအကြောင်း ပြောပြီးပြီလား...

လက်ထဲမှာ ဖိုင်လ် တခုကို ကိုင်ပြီး အိမ်ထဲ ဝင်လာတဲ့ ရိပေါ်က မေးသမျှကို ဖြေလေသည်။

*ဟုတ်... ကော...ရုံးကို မသွားတော့ဘူးလေ...ကျန်းချန်ကောကို ပြောထားပြီးပြီ...ဒီဖိုင်လ်က တရားရုံးပို့မယ့်ဖိုင်လ်...အဲ့ဒါ ကောကို ပြချင်လို့...
ကျန့်ကောကိုတော့ ကျွန်တော်က ရိပေါ်ဆိုတာ ပြောပြီးပြီ... ဟီး...တခုပဲ...ကျွန်တော်ရော ကျန့်ကောရော စစ်ကျွေးဆူတာ ခံလိုက်ရတယ်...ကျွန်တော့်ကိုတော့ အသေကျိန်းတော့တာပဲ...

ရိပေါ် စကားကြောင့် ဟိုက်ခွမ်းတယောက် အူလှိုက် သည်းလှိုက် ရယ်လေတော့သည်။

*သူက နဂိုထဲကမှ ရှောင်းကျန့်နဲ့ ပတ်သတ်ရင်...တကယ် အထိမခံတာ...မင်းက ရိပေါ်ပါ ဆိုတော့ ထ မထိုးတာ ကံကောင်း...ဟေ့ကောင်...

*မထင်ပါနဲ့ ကောရာ...ခုလည်း တခုခု ဆို ကျန့်ကောကို လေသံမာမာနဲ့တောင် သူ့ရှေ့မှာ မ စ ရဲ့ဘူး...မျက်စောင်းက ဒိုင်းကနဲ့ ပဲ...လက်ကလည်း နီးရာ ကောက်ကိုင်တာ...ဟီး...သူ့ လန့်နေရတယ်...

*ဟား...ဟား...ကောင်းတာပေါ့ကွာ...မင်းအတွက် အထိန်းရတာပေါ့...
ေရာ့...အအေးသောက်ဦး...
မှန်းစမ်း...ဒါ...က...

ဟိုက်ခွမ်းက ဖိုင်လ်ကို ဖွင့်ဖတ်နေလေသည်။ ရိပေါ်က သူ့အတွက် ချပေးထားတဲ့ အသီးဖျော်ရည်ကို သောက်နေသည်။

*ဒီပုံအတိုင်းဆို... ရှောင်းကျန့်ကို ဆေးရုံမှာ မျက်လုံး ထိခိုက်မှုအတွက် ဆေးစစ်ချက် စာရွက်စာတမ်း သွားလုပ်ရမှာပေါ့...ဒါမှ မင်းပြောထားတဲ့ နစ်နာကြေး ပြန်ရမှာလေ...ပြီးတော့ အရင်က ရှောင်းကျန့် လျှော်ခဲ့ရတာတွေအတွက်ရော နစ်နာကြေးပြန်တောင်းရမှာပေါ့...

*ဟုတ်...ကျွန်တော် အဲ့လူတွေနဲ့ ဆက်သွယ်ပြီး သက်သေယူပြီးပြီ ကော...အခုက ဆေးရုံ ကိစ္စပဲ ကျန်တာ...ကော ကူညီပါဦးနော်...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now