(Unicode)
ရိပေါ်...မင်း ငါ့ဆီ မြန်မြန်လာဖို့ လိုတယ်.....ဆိုတဲ့ ကျန်းချန် စကားကြောင့် ရိပေါ် ရံုးမှခပ်စောစောပင် ထွက်လာခဲ့သည်။
ကျန်းချန် အိမ်ကို ရောက်တော့ ကွန်ပြူတာ တလုံးနဲ့ တကုတ်ကုတ်အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။
*ကော...ဘာထူးလို့လဲ...
ဖုန်းနဲ့ ကားသော့ကို အနီးက စားပွဲပေါ် တင်လိုက်ရင်း ရိပေါ်မေးလိုက်သည်။
*ဒီမှာ...ဖတ်ကြည့်လိုက်...
ငါအခု print ထုတ်နေတယ်... သက်သေတင်လို့ရမယ် ပြောလို့...
ကျန်းချန် လက်ညိုးထောက်ပြရာ monitor screen ကို ရိပေါ် ကြည့်လိုက်သည်။
*ဟင်...
မင်းကို ဒီလောက် ပြောရဆိုရ ခက်မယ်လို့ ထင်မထားဘူး။ ရှေ့မှာ ဒီလောက် နမူနာ ပြထားတာတောင် တော်တော် သတ္တိရှိပြချင်တယ်ပေါ့။ ဒါပေမယ့် မင်း သိလား။ ငါ ပြောတာကို လက်မခံခဲ့တဲ့ ဝမ်သိ ဘာဖြစ်သွားခဲ့လဲဆိုတာ ။ မင်း သူ့နောက်ကို မြန်မြန် မလိုက်ချင်ရင် ငါပြောသလို မင်း လုပ်သင့်တယ် ကောင်လေး။
အခု မင်းက ငါ့ကို စိန်ခေါ်နေတာပေါ့။ မင်း ဝမ်သိနောက်ကို လိုက်ချင်နေပြီ ထင်တယ်။ ငါ မင်းကို ကြိုပြီး သတိပေးလိုက်မယ်။ ကားကို သတိထားမောင်းနော် ကောင်လေး။ ငါ ပြောတာ နားမထောင်ခဲ့တဲ့ ဝမ်သိကတော့...
ရိပေါ် မေးကြောများ ထောင်လာတဲ့ အထိ အံကြိတ်မိသည်။
ဟန်ဖုန်းရိ... ခင်ဗျား တကယ် ရက်စက်တဲ့ လူပဲ...ခင်ဗျား လောဘကြောင့် ဘာမှ မဆိုင်တဲ့ မိသားစု တခုကို ဖျက်စီးပစ်ခဲ့တယ်...အဲ့မိသားစုကို ကာကွယ်တဲ့ လူကိုလည်း ဒုက္ခ ပေးတယ်...ခင်ဗျားက တကယ့်ကို တကိုယ်ကောင်းဆန်တဲ့သူ... စိတ်ချ ခင်ဗျားကို ကျွန်တော် ထောင်ထဲမှာ တသက်လုံး နေရအောင် လုပ်ပေးမယ်...
*တောက်...
ဆံပင်တွေကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း အတွေးတွေနဲ့ ရှုပ်ထွေးနေတဲ့ ခေါင်းကို ရိပေါ် ခါရမ်း ပစ်လိုက်သည်။
ဟက်...ဒီလောက် ကိုယ့်အဖေကို ဒုက္ခ ပေးခဲ့တဲ့သူကို... ငါက ကျေးဇူးတင်နေခဲ့သေးတာလား...ဝမ်ရိပေါ်... မင်းအရူးပဲ...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed