(Unicode)
*ဝမ်...
ရုံးကန်တင်းမှာ ထမင်းစားဖို့ ဆင်းလာတဲ့ ရိပေါ် တယောက် နောက်မှ ခေါ်သံကြောင့် အံ့အားသင့်ကာ လှည့်ကြည့်မိသည်။
ယုံရှင်း...
မိမိအား ငေးကြောင် ကြည့်နေသော ဝမ့်ကို သူမ ပြုံးပြရင်း အနားကို လျှောက်လာခဲ့သည်။
*ထမင်းစားချိန်ကြီး ရောက်လာတဲ့ ဧည့်သည်ကို... ဘာမှမကျွေးတော့ဘူးလား ဝမ်...
*အာ...ေတာင်းပန်ပါတယ်... ရုတ်တရက်ဆိုတော့ ကိုယ်လည်း အံ့ဩသွားလို့ပါ...လာလေ...ဘာစားမလဲ...
နီးစပ်ရာ စားပွဲဝိုင်း တခုမှာ ဝင်ထိုင်လိုက်ကြသည်။
*ဝမ် အဆင်ပြေတာ တခုခုပဲ... ယူလာခဲ့ပါ...
ယုံရှင်း စကားကြောင့် ရိပေါ်လည်း သူ စားတဲ့ ဆိုင်မှ lunch set တခု မှာကာ ယူလာပေးလိုက်သည်။
*ဝမ် တော်တော် နေနိုင်တာပဲ...
*ဘာကိုလဲ...
*တို့ဆီ ဖုန်းလေးတောင် မဆက်ဘူးလေ...
ယုံရှင်း စကားကြောင့် ရိပေါ် ပြုံးရယ်မိသွားသည်။
*အဟင်း...ဟုတ်တယ်...ကိုယ့်ညီလေးက စိတ်ကြီးတယ်...ယုံရှင်းနဲ့ ကိုယ့်ကိစ္စကို...ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုပြီး...အကုန် block လိုက်လို့လေ...
*ဝမ့်မှာ နောက်တယောက် ရှိနေတာလား...
*မဟုတ်ပါဘူး...အရင်ထဲက ရှိနေတာပါ...ကိုယ် သတိမထားခဲ့မိရုံလေးပါ...အခုတော့ ကိုယ်သူ့ကိုပဲ လက်ထပ်ဖို့ ဆုံးဖြတ်ထားတယ်...
ရိပေါ် စကားကြောင့် ယုံရှင်း အနည်းငယ် မျက်နှာ ပျက်သွားသည်။
*အဟင်း... ကောင်းပါတယ်... ဒါပေမယ့် ဝမ် လက်ထပ်မှာ တို့မဟုတ်ဘဲ...တခြားသူ ဆိုရင် ဝမ် နောင်တ ရ ရလိမ့်မယ်... ဝမ်လည်း ဒယ်ဒီ့အကြောင်း သိသားနဲ့ဟာ...ဟင်း...ဟင်း...
*အင်း...ကိုယ်သိပါတယ်...ဒါပေမယ့် ကိုယ်သူ့ကို ရအောင် ကာကွယ်မှာပါ...
*ကောင်းပါပြီ...ယုံရှင်းက သတိပေးဖို့လာခဲ့တာ... ဝမ်က ဆုံးဖြတ်ပြီးပြီ ဆိုတော့လည်း ပြီးတာပါပဲ...နောက်မှ တို့ကို လက်ထပ်ချင်တယ် ဆိုလို့ကတော့...ဝမ်ရဲ့ ကုမ္ပဏီကို ပေးရုံ လောက်နဲ့တင်...ဒယ်ဒီက ရပ်သွားမှာ မဟုတ်ဘူးနော်...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed