အပိုင်း ၃၈ (U&Z)

5.6K 295 9
                                        

(Unicode)

ခုရက်တွေမှာ ရှောင်းကျန့်က ရိပေါ်ကို အတော်လေးကို ကပ်သည်။ ရုံးတက် ရုံးဆင်းကို အိမ်ပေါက်ဝအထိ လိုက်ပို့ ထွက်ကြို အားလုံး လုပ်သည်။

ရိပေါ် တာဝန်က ကျန့်ကောအတွက် morning kiss, evening kiss .

*ရိပေါ်...ကားကို သတိထား မောင်းနော်...

*ကြည့်စမ်း...ကျန့်ကော...အခုတော့ အိမ်ရှင်ထီး တာဝန် ထမ်းဆောင်နေပြီပေါ့...ဟုတ်လား...

*မဟုတ်ပါဘူး...မင်းမှ ကောကို လက်ထပ်ခွင့် မတောင်းသေးဘဲနဲ့...ဘယ်လိုလုပ် အိမ်ရှင်ထီး ဖြစ်မှာလဲ...အဲ့တော့ ချစ်သူ တာဝန်ကို ယူနေတာ...

*အာ...ဟုတ်သားပဲ...မွ...ချစ်တယ်နော်...အမြန်ဆုံး ပြန်လာမယ်...တညနေလေးပဲ စောင့်ပါနော်...

နှုတ်ခမ်းလေး မဲ့ပြနေတဲ့ ကျန့်ကောကို အသည်းယားစွာ ဆွဲယူ ပွေ့ဖက်လိုက်သည်။

*အဟမ်း...ဧည့်သည်လာတယ် ခင်ဗျ...

*အာ...ကျင်းလင်...ဟီး...လာလေ...ကောက ရုံးသွားတော့မှာ... ကျန့်ကောကို စ နေတာ... ကျန့်ကော...ကျွန်တော် သွားပြီ...ညနေစောင့်နေနော်...

ပြုံးပြုံးလေး ခေါင်းညိမ့် ပြရင်း ကျန်ခဲ့တဲ့ ရှောင်းကျန့်ကို ရိပေါ် အကြည့်မလွှဲချင်ပဲနဲ့ ထွက်ခဲ့ရသည်။

*အိမ်ထဲ ဝင်ရအောင် ကျင်းလင်...ဘာလဲ ဒီနေ့ ပိတ်တယ်လား...

*မဟုတ်ဘူး ရှောင်းကော... night shift မို့ အားနေတာ...

*​ေဩာ်...ဒါကြောင့် မင်းရဲ့ ကောက်တေးကို လာချော့တာပေါ့...

*ဟီး...ကောကလဲ...

ကျင်းလင်နဲ့ စစ်ကျွေးက တလမှာ ရက် ၃၀ ရန်ဖြစ်တဲ့ မတည့်အတူနေ မမြင် ချောင်းကြည့် အတွဲ။ ငယ်သူတွေဆိုတော့ ကောက်ကျ တိုကျနဲ့ သံသရာလည်နေကြသည်။ ကျန်းချန်နဲ့ ဟိုက်ခွမ်းလို လိုက်တမ်း ပြေးတမ်းတော့ မဟုတ်ဘူး။

❣ ❣❣ ❣❣❣

ရိပေါ် ကားမောင်း​ေနရင်း ရှောင်းကျန့်ပြောတဲ့ စကားကို ကြားယောင်နေမိသည်။

*မင်းမှ ကောကို လက်ထပ်ခွင့် မတောင်းသေးဘဲနဲ့...ဘယ်လိုလုပ် အိမ်ရှင်ထီး ဖြစ်မှာလဲ...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now