(Unicode)
ဝမ်စံအိမ်တော်.....
ရိပေါ် အိပ်ရာပေါ် ထိုင်ရင်း အတွေးတို့က မငြိမ်သက်။ နေ့လည်က သူ ကျန့်ကော ရေရွတ်နေတဲ့ နာမည်ကို ရင်းနှီးနေတာ သေချာသည်။ ဘယ်နေရာမှာ မှန်း မသိ။
ဟင်...အဲ့ဒါ သူလား...
ရိပေါ် အထိတ်တလန့်နဲ့ ရေရွတ်မိသည်။
*မင်းသိလား... ရှောင်းကျန့်မှာ ကြိုက်နေတဲ့ ကောင်မလေး ရှိတယ်...နေပါဦး... နာမည်က ဘယ်လို ခေါ်ပါလိမ့်... အင်း...
သူ့ရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ရင်း စဥ်းစားနေတဲ့ ဟန်ဖုန်းရိကို ရိပေါ် မျက်လုံး အဝိုင်းသားနဲ့ ကြည့်နေမိသည်။
ဒါဆို ကျန့်ကော ညတိုင်း ဖုန်းပြောနေတာ သူ့ရည်းစားနဲ့တဲ့လား... ဟင်း...တွေ့ကြသေးတာပေါ့...
ရိပေါ် ဘာကို စိတ်တိုလို့ တိုနေမှန်းမသိ။ အိမ်ကို ရောက်စက နှုတ်ခမ်းအောက်က မှည့်လေးနဲ့ ခပ်ချောချော အစ်ကိုကြီးလေးကို အစ်ကို တော်ရလို့ ပျော်မလို ရှိသေး ညတိုင်း ဖုန်းကိုင်ပြီး ပုကျိပုကျိ လုပ်နေတာနဲ့ ပြီးနေသည်။
အိမ်မှာ အငယ်ဆုံး သူ့ကို ဂရုစိုက်ရမည် မဟုတ်ပါလား။ ခုတော့ ညတိုင်း ဖုန်းပြောနေတဲ့ အစ်ကိုကြီးလေးကို ဖုန်းမပြောဘဲ မိမိကို ဂရုစိုက်ရေးအတွက် ဂျစ်တိုက်ရသည်။ သူစောစော မအိပ်ခြင်းဖြင့် ဖုန်း ပြောချိန်မရဖို့ ၊ ပြောနေရင်လည်း အဆင်မပြေစေဖို့ ရစ်သည်။ သူ ဘယ်လောက် ရစ်ရစ် ဂျစ်ဂျစ် စိတ်မဆိုးတဲ့ ကျန့်ကောကို ထိုသူမလက်ထဲ ထည့်မပေးနိုင်ပါဘူး။
ကျန့်ကောက... ငါ့ကိုကို...
*ေဩာ်...သိပြီ...စုယွဲ့တဲ့...သူ့အမေလိုပဲ သူနာပြုဆရာမ တယောက်ပေါ့...ကောင်မလေးက သိပ်ပြီး မချမ်းသာဘူး... စားနိုင်သောက်နိုင် ရုံလောက်ပဲ...ရိပေါ်...မင်းတွေးကြည့်ဖူးလား... ရှောင်းကျန့် ဘာကြောင့် မင်းတို့အိမ်ကို လိုက်လာလဲ... အခုကြည့် ဘာလို့ မင်းကို လက်ထပ်ဖို့ လက်ခံခဲ့လဲဆိုတာ...
ရိပေါ် ခေါင်းခါပြလိုက်သည်။
*မင်း အဖေ ကုမ္ပဏီ ကြောင့်ပေါ့ကွ...မင်းတို့ရဲ့ ချမ်းသာမှုက သူလိုသာမန် ကောင်လေးအတွက် ငွေတွင်းလေ...မက်လောက်စရာကွာ...ပြီးတော့ မင်းအဖေ လက်ထက်ထဲက ကုမ္ပဏီက သူ့ခြေသူ့လက်နော်...မင်း အမေကရော သူ့လုပ်ရည်ကိုင်ရည်ကို သဘောကျနေတာ အချိန်မရွေး သူလက်ဝါးကြီး အုပ်လိုက်လို့ရတယ်...
စဥ်းစားပေါ့ကွာ... ဘယ်ယောကျာ်းလေးက ယောကျာ်းယူဖို့ စိတ်ကူးလို့လဲ...ချမ်းသာချင်လို့ပေါ့ကွာ... ယောကျာ်းယူပြီး ချမ်းသာ... ကိုယ်လိုချင်တဲ့ မိန်းမနဲ့လည်း ဇာတ်လမ်း ဆက်လို့ရတယ်လေကွာ...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed