(Unicode)
အပြန်လမ်း တလျှောက် ကားထဲမှာ ရိပေါ်ရဲ့ အသံတွေသာ ဖုံးလွှမ်းနေခဲ့သည်။ ရိပေါ်က ရှောင်းကျန့်ရဲ့ လက်လေးတဘက်ကို ဆွဲယူပြီး သူ့ ရင်ဖက်ပေါ် ပိုက်တင်ကာ သီချင်းတပုဒ်ကို ညည်းရင်း ကားမောင်းနေသည်။ ရှောင်းကျန့်ကတော့ ကလေးတွေပါတာကြောင့် မျက်နှာပူနေမိသည်။
*စစ်ကျွေး...ဒီနေ့ ကင်းကောက ထူးခြားနေပါလား...
ကျင်းလင်က စစ်ကျွေးကို တီးတိုး ပြောလိုက်သည်။
*ဘာလို့လဲ...
*မင်း ကြည့်ပါလား...သီချင်းညည်းရုံမက ကျန့်ကော လက်ကိုပါ ဆွဲပြီး...သူ့ရင်ဖက်ပေါ် တင်ထားသေးတယ်လေ...
*ေဩာ်...သူများတွေက ချစ်တတ်လို့လေ...ကိုယ်ချစ်တဲ့သူကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာလဲ သိတယ်... နင့်လို ငတုံးမဟုတ်ဘူး...လဒရဲ့...
စစ်ကျွေးက မျက်စောင်းထိုးပြီး ကျင်းလင်ကို တံတောင်နဲ့ ထိုးလိုက်သည်။ ကျင်းလင်းက စပ်ဖြဲဖြဲ နဲ့ ပြန်ရယ်ပြလေသည်။
*ကျင်းလင်...နောက်ကျနေပြီ ဆိုတော့ အဆောင်မပြန်နဲ့တော့...ယိုအိုက်ခြံကိုပဲ လိုက်ခဲ့လိုက်...မနက်ကျမှ ကော ရုံးသွားရင်းနဲ့ တခါတည်း ဝင်ပို့ပေးမယ်... ဖြစ်မလား...
*ဟုတ်...ကင်းကော...ဖြစ်ပါတယ်...
ရိပေါ် အပြောကို ကျင်းလင်က ချက်ချင်း လက်ခံလိုက်သည်။ စစ်ကျွေးက ကျင်းလင်းကို ထူးခြားလှချည်လား ဆိုတဲ့ အကြည့်နဲ့ မဲ့ရွဲ့ပြလေသည်။
ယိုအိုက်ခြံ ထဲ ကားလေး ရပ်လိုက်တော့ စစ်ကျွေးနဲ့ ကျင်းလင်က အရင်ဆင်းကာ အိမ်တံခါး ဖွင့်နေကြသည်။ ရိပေါ်က သူ ဆုပ်ကိုင်ထားတဲ့ ကျန့်ကော လက်လေးကို ဖွဖွနမ်းရင်း တဖက်ခုံကို ကြည့်လိုက်သည်။
ခေါင်းစွပ်အကျင်္ ီလေးထဲ နစ်ဝင်နေတဲ့ ကျန့်ကောက တရှူးရှူး နဲ့ အိပ်ပျော်နေပြီ။ ရိပေါ် ပြုံးမိရင်း ကားပေါ်မှ ဆင်းကာ ကျန့်ကောကို ပွေ့ချီလိုက်သည်။ စစ်ကျွေးက အိမ်ထဲမှ ကဗျာကယာ ပြေးထွက်ကာ ကူရှာသည်။
*ကားတံခါး ပိတ်ပေးပါဦး စစ်ကျွေး...ပြီးရင် အိပ်ကြတော့လေ...ည နက်နေပြီ...ကျန့်ကောကို ကောပဲ အဝတ်လဲပေးလိုက်မယ်...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed