(Unicode)
*ကျန့်ကော...
ကျွန်တော့်ကို မထားခဲ့ပါနဲ့ဗျာ...
ကျန့်ကော...
အား...
မဟုတ်ဘူး... ကျန့်ကော...
ရိပေါ် တုန်လှုပ်စိတ်နဲ့ ခြောက်ခြားစွာ အော်နေခဲ့မိသည်။
ရိပေါ်...
ရိပေါ်...
ခပ်တိုးတိုး ထွက်ပေါ်လာတဲ့ အသံကြောင့် ငြိမ်သက်နေတဲ့ ရှောင်းကျန့်ကို ငုံ့ကြည့်မိသည်။
ဘာလဲ...ဘယ်က အသံလဲ...
အသံက ဝေးသွားလိုက် နီးလာလိုက် ဖြစ်နေသည်။
ဒါ ကျန့်ကော အသံ...
ကျန့်ကော ဘယ်မှာလဲ...
*ကျန့်ကော...
ရိပေါ် မျက်လုံးစုံမှိတ်ပြီး အသံ ကုန် အော်ဟစ်ပစ် လိုက်သည်။
နွေးထွေးတဲ့ ခံစားချက်.....
ကြင်နာစွာ ပွေ့ဖက်ထားတဲ့ ခံစားချက်.....
လုံခြုံတဲ့ ခံစားချက်.....
ပါးပြင်ကို လာထိတဲ့ နူးညံ့တဲ့ အထိအတွေ့.....
တိုးညှင်းတဲ့ ခေါ်သံ.....
*ရိပေါ်...
ပိတ်ထားတဲ့ မျက်လုံး အစုံကို မဝံ့မရဲ ဖွင့်လိုက်သည်။
*ကျန့်ကော...
စိုးရိမ်နေတဲ့ မျက်နှာနဲ့ သူ့ကို ကြင်နာစွာ ပွေ့ပိုက်ထားတဲ့ ကျန့်ကော.....
*ကျန့်ကော...ကျန့်ကော ဘာမှ မဖြစ်ဘူးနော်...
ရိပေါ် ထ ထိုင်ရင်း ရှေ့က မြင်နေရတဲ့ ရှောင်းကျန့်ကို ဆွဲယူ ပွေ့ဖက်လိုက်သည်။ ပြီးတော့ ဝမ်းပန်းတနည်း ရှိုက်ငိုနေပြန်သည်။
*ဘာတွေ ဖြစ်နေတာလဲ ရိပေါ်...အိမ်မက်ဆိုးတွေ မက်နေတာလား...
*အိမ်မက်...
ဟုတ်တယ်...အိမ်မက်...အရမ်းဆိုးတဲ့ အိမ်မက်ပဲ...
ကျန့်ကော...ကျွန်တော့်ကို ထားမသွားရဘူးနော်...ကျွန်တော် တကယ် မခံစားနိုင်ဘူး...ရူးသွားလိမ့်မယ်...မဟုတ်ဘူး... ကျွန်တော် တယောက်ထဲ ရှင်ကျန်နေခဲ့ဖို့ အဆင်မပြေဘူး... ကျန့်ကော မရှိတော့ဘူးဆို... ကျွန်တော့်ကိုပါ ခေါ်သွားပါ... နော်...ကျန့်ကော...
*ဟင်း...ကောက ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ...တကယ့် ကောင်လေး...သူ့ဘာသူ စိတ်မချ ဖြစ်ပြီး အိမ်မက်တွေ တောင် မက်နေသေးတယ်... ကောက ရိပေါ် အနားမှာ အမြဲ နေမှာ စိတ်ချ...ကတိပေးတယ်နော်...
ဒါနဲ့ အိမ်မက်ထဲမှာ တော်တော်မှ ငိုခဲ့ရရဲ့လား...အင်း... ကြည့်စမ်း... အသံတွေတောင် တုန်နေတယ်...ကလေးကျနေတာပဲ...ဟင်း...ဟင်း...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed