အပိုင်း ၁၀ (U&Z)

6.6K 386 16
                                        

(Unicode)

ဆန်ပြုတ်လည်း ရပြီ စျေးဝယ်ခိုင်းထားတာလည်း ရောက်နေပြီ ဖြစ်ပေမယ့် သခင်လေးက အပေါ်ထပ်မှ အခုထိ ဆင်းမလာသေး။ ထို့ကြောင့် မေလု အပေါ်ထပ်က သခင်လေး အခန်းဆီ တက်လာခဲ့သည်။ အခန်းတံခါးက စေ့ထားယုံပင်ဖြစ်နေသဖြင့် နှစ်ချက်လောက် တံခါး ခေါက်ပြီး အခန်းထဲဝင်ခဲ့သည်။ အထဲမှာတော့ ဒူးနှစ်ဘက်ကို ပိုက်ကာ ခေါင်းငုံပြီး ငြိမ်နေတဲ့ သခင်လေးကို တွေ့လိုက်ရသည်။ မေလု အထိတ်ထိတ် အပျာပျာနဲ့ သခင်လေးရှေ့ ဒူးထောက်ထိုင်လိုက်သည်။

*သခင်လေး...

*မေလု...

မျက်နှာမှာ မျက်ရည်စီးကြောင်းများနဲ့ ရိပေါ်က မေလုကို ဖက်ကာ ရှိုက်ကြီးတငင် ငို​ေလတော့သည်။

*ဘာဖြစ်တာလဲ သခင်လေးရယ်...မေလု ရင်ထိတ်လိုက်တာ...

*ကျွန်တော် မကောင်းဘူးနော်...

*အို...ဘာတွေလဲ သခင်လေးရယ်...ဘာတွေ ဖြစ်လို့လဲ...

မေလုက စိုးရိမ်တကြီး မေးလိုက်ပေမယ့် ရိပေါ်က မျက်ရည်သုတ်ကာ ခေါင်းခါပြသည်။

*ဟင့်အင်း...ဒါနဲ့ အောက်မှာ အားလုံး အဆင်သင့် ဖြစ်ပြီလား မေလု...

*ဟုတ် သခင်လေး...

*ဒါဆို ကျွန်တော် သွားတော့မယ်...တနလင်္ာနေ့မှ ပြန်လာမယ်နော် မေလု...ဘယ်သူ မေးမေး ကျွန်တော် ခရီးသွားနေတယ်လို့ပဲ ပြောလိုက်ပါ...

*ကောင်းပါပြီ သခင်လေး...

မေလုက ရိပေါ်ကို ကြင်နာစွာကြည့်ပြီး ခေါင်းငြိမ့် ပြသည်။ ရိပေါ် ကျောပိုးအိတ်ကို လွယ်ရင်း အခန်းထဲမှ ထွက်ခဲ့လေသည်။ မေလုကတော​့ ခေါင်းငိုက်စိုက်နဲ့ ထွက်သွားတဲ့ သခင်လေးရဲ့ နောက်ကျောကို ကြည့်ရင်း မျက်ရည်ဝိုင်းကာ ကျန်ခဲ့လေသည်။

သနားဖို့ ကောင်းလိုက်တဲ့ သခင်လေး...အားလုံးကို တယောက်ထဲ ဦးဆောင်နေရတာ ပင်ပန်းရောပေါ့...သားကျန့်ရယ်...သားတန်ဖိုးထားတဲ့ ကလေးလေး ပင်ပန်းနေပြီ ပြန်လာခဲ့ပါတော့ကွယ်...

❣ ❣❣ ❣❣❣

ယိုအိုက်ခြံထဲ ရိပေါ် ကားလေး ဝင်လာတော့ စစ်ကျွေးက ပြေးထွက်ကာ ကြိုရှာသည်။

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now