အပိုင်း ၃၁ (U&Z)

4.8K 293 5
                                    

(Unicode)

*ကျန့်ကော...

ရိပေါ် ကိုယ့်ကိုကိုယ် သတိမထားနိုင် စစ်ကျွေးရင်ခွင်ထဲ ငြိမ်သက်နေတဲ့ ရှောင်းကျန့်ဆီသာ အာရုံရောက်နေသည်။ ဝတ်ထားတဲ့ ရှပ်အဖြူမှာ သွေးကွက်တွေနဲ့ လက်မှ မှန်ရှရာများက သွေးအလိမ်းလိမ်းနဲ့ ရှောင်းကျန့်ပုံက သူ့ကို ပိုရင်နာစေလေသည်။

​ေရှာင်းကျန့် ရှိရာကို ရိပေါ် လှမ်းလိုက်သည်။ လူက ယိုင်နေပေမယ့် စိတ်က ဆောင်နေဆဲ။ ဟိုက်ခွမ်းက ရိပေါ်ကို ဆွဲလိုက်ရင်း.....

*မင်းကိုယ်မင်း အရင် သတိထားဦး ရိပေါ်...မင်း နံစောင်းမှာ ကွဲသွားတာ နည်းတာ မဟုတ်ဘူး...

*ရတယ်...ဒါက ကိစ္စမရှိဘူး...ကျန့်ကော တခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ...ဒီတခါ ကျွန်တော် ရူးသွားမှာ...

ရိပေါ် အော်ဟစ် ရုန်းကန် နေသဖြင့် ဟိုက်ခွမ်း လိုက်ဆွဲနေရသည်။

*ဒါဆို... မင်း ငြိမ်ငြိမ်နေ...ငါ ရှောင်းကျန့်ကို အရင် ကြည့်ပါရစေဦး...

ဟိုက်ခွမ်းက ရှောင်းကျန့်ကို ပွေ့ချီပြီး အိမ်ထဲ ဝင်သွားသည်။ စစ်ကျွေးက ရိပေါ်ကို တွဲကာ နောက်မှ လိုက်ဝင်ခဲ့လေသည်။

ရှောင်းကျန့် လက်က ဒဏ်ရာကို ကြည့်ပြီးနောက် ဟိုက်ခွမ်းက စစ်ကျွေးဘက် လှည့်ကြည့်လိုက်သည်။

*မှန်ကွဲစတော့ မကျန်ခဲ့ဘူး ထင်တာပဲ...ဆေးသတ္တာရှိတယ် မဟုတ်လား...မင်း ရှောင်းကျန့်ကို ဆေးထည့်ပေးထားလိုက် စစ်ကျွေး... ငါ ရိပေါ်ကို ဆေးခန်း ခေါ်သွားလိုက်ဦးမယ်...

*ဟိုက်ခွမ်းကော...

*တိတ်စမ်း ရိပေါ်...မင်းပုံလည်း ပြန်ကြည့်ဦး ဖြူဖက်နေပြီ...နှစ်ယောက်စလုံး အထိနာချင်နေတာလား...ဟန်ဖုန်းရိ အကွက်ထဲ ဝင်ချင်နေတာလား...လာခဲ့...

ဟိုက်ခွမ်းရဲ့ မာန်မဲသံကြောင့် ရိပေါ် ငြိမ်သက်သွားရသည်။

ဟုတ်တယ်...ဒါက ပထမဆုံး တိုက်ပွဲပဲ...နောက်မှာ ဒါမျိုးတွေ ထပ်မကြုံဘူးလို့ မပြောနိုင်ဘူး...လဲကျမသွားနဲ့ ဝမ်ရိပေါ်...ဒါမှ မင်း ကျန့်ကောကို ကာကွယ်နိုင်မှာ...

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now