(Unicode)
*သမီး...အခုတလော ငြိမ်လှချည်လား...
ထမင်းစားခန်းထဲ ကော်ဖီ ထိုင်သောက်နေတဲ့ သမီးဖြစ်သူ ယုံရှင်းကို ချင်းလန် မေးလိုက်သည်။
*ဟုတ်...
*ခုတလော ရိပေါ်နဲ့ မနက်ပိုင်း ကော်ဖီသောက် မသွားဘူးလား...ဘာလဲ စိတ်ကောက်ေန ကြပြန်ပြီလား...
အမေဖြစ်သူ စကားကို မျက်နှာလေး ဆူပုတ်ကာ ယုံရှင်းက ခေါင်းငြိမ့် ပြလိုက်သည်။
*သမီးရယ်...ညည်းကလည်း အားတိုင်း စိတ်ကောက်မနေနဲ့လေ...အဲ့လို ခဏခဏ ဆို ရိပေါ် သမီးကို စိတ်ကုန်သွားလိမ့်မယ်...
*ဒါပေမယ့် သူက ချော့ရမယ့်လူလေ...အခုတော့ သမီးကပဲ ကောက်နေရတယ်... သူကတော့ တစက်ကလေးတောင် ချော့ဖို့ စိတ်မဝင်စားဘူး...
*ေဩာ်...ညည်းက တလမှာ ရက် ၃၀ လောက် ကောက်ချင်နေတာလေ...ရိပေါ်က အလုပ်တဖက်နဲ့လေအေ...သူ့ခမျာလည်း အလုပ်ကိစ္စနဲ့ စဥ်းစားရတာတွေ များရှာမှာပေါ့...ဒီကြားထဲ ညည်းက ခဏခဏ ကောက်နေတော့ စိတ်ပင်ပန်းမှာပေါ့...
မိခင်စကားကြောင့် ယုံရှင်း တွေဝေသွားသည်။
*ဒါပေမယ့် မာမီ...ဝမ်ကလေ တမျိုးပဲ...အရင်ကလို မဟုတ်ဘူး သိလား...ချိန်းထားရင်လည်း ရောက်မလာဘူး...သမီး စိတ်ထဲ သူ နောက်တယောက်ကိုများ...
*အဲ့လိုသာဆို သမီးက ပိုဂရုစိုက်ရမှာပေါ့အေ့...ဟိုက အချွဲလေး...အလိုလိုက် အကြိုက်ဆောင်တတ်တဲ့ ကောင်မလေးမျိုးသာဆို ညည်းတော့ ကျန်ရစ်ဖြစ်တော့မှာပေါ့...ယောကျာ်းဆိုတာ အချော့ခံချင်တာအေ့...တခါတလေလောက်ပဲ ချော့ချင်ကြတာ...အမြဲ စိတ်ကောက်ရင်တော့လည်း စိတ်ကုန်မှာပဲလေ...
မိခင် ပြောစကားကြောင့် ယုံရှင်း တွေတွေလေး စဥ်းစားနေလိုက်သည်။ ဒါပေမယ့် သူမက ဘာလို့ ရိပေါ်ကို အလျော့ ပေးရမှာလဲ။ ရှောင်းကျန့်နဲ့ လက်ထပ်ထားတုန်းကတောင် သူမ ခေါ်လျှင် ရိပေါ် ရောက်လာစမြဲ။ ရှောင်းကျန့်သာ အလိုမပြည့်လို့ လဲသေသွားမယ် ဟန်ယုံရှင်းတို့ ကောက်ပြီေဟ့ဆို ရိပေါ် နေစရာမရှိအောင် နေ့နေ့ညည ဖုန်းဆက် ချော့ခဲ့ရတာ မဟုတ်လား။ အခုကျမှ အလျော့မပေးနိုင်ပါဘူး။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed